အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည်(၁၆)- ပါး

၁။ ဓာတ် ၊ အာယတန ၊ ပဋိစ္စသမုပ္ပါဒ် ၊ အကြောင်း  ဟုတ်သည် မဟုတ်သည်၌ တတ်ကျွမ်းသော ပညာရှိပါပေ၏။

 ၂။ ကြီးမားသော ပညာရှိပါ၏။

 ၃။ ပြန့်ကျယ်သော  ပညာရှိပါ၏။

 ၄။ ရွှင်သော  ပညာရှိပါ၏။

 ၅။ လျင်သော  ပညာရှိပါ၏။

 ၆။ ထက်သော  ပညာရှိပါ၏။

 ၇။ ကိလေသာတို့ကို ဖောကိထွင်းနိုင်သော ပညာရှိပါ၏။

 ၈။ အလိုနည်းပါ၏။

 ၉။ ရောင့်ရဲ့လွယ်ပါ၏။

 ၁၀။ နီဝရဏတို့မှ ကင်းဆိတ်ပါ၏။

 ၁၁။ လူတို့နှင့် ရောနှောခြင်းမှ ကင်းပါ၏။

 ၁၂။ ထက်သန်သော လုံ့လရှိပါ၏။

 ၁၃။ ရဟန်းတို့၏ အပြစ်ကို တွေ့လျှင် တွေ့ရာအရပ်မှာပင် သွန်သင် ဆုံးမတတ်ပါ၏။

 ၁၄။ သူ့ကို သူတစ်ပါးတို့က ဆုံးမလာလျှင်လည်း ရိုသေလေးမြတ်စွာ ခံယူတတ်ပါ၏။

 ၁၅။ သူတစ်ပါးအပြစ် ကျုးလွန်သည်ကိုတွေ့လျှင် ဘုရားစကားတော်နှင့်အညီ ဆုံးမသွန်သင်တတ်ပါ၏။

 ၁၆။ မကောင်းသော ပုဂ္ဂိုလ်နှင့် မကောင်းသော  တရားတို့ကို ကဲ့ရဲ့တတ်ပါ၏။

  • သဂါထာဝဂ္ဂ ၊ဒေဝပုတ္တသံယုတ် ၊ သုသိမသုတ်