ကိုယ်တော်အား ဆယ်ပါး

မြတ်စွာဘုရားသခင်၏ ပကတိသော အားတော်မြတ်သည် ဆဒ္ဒန်ဆင်မင်း ဆယ်စီးအားနှင့်အညီအမျှ ရှိတော်မူသတတ်၊ ၎င်းကိုပင် အားတော်ဆယ်ပါး ခေါ်၏။ ထို့ကြောင့် ဒသဗလော- ကိုယ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားဟု ဘာသာပြန်ဆိုကြလေပြီ။ မှန်၏၊

(သမ္မာသမ္ဗုဒ္ဓော ပန ဒသန္နံ ဆဒ္ဒန္တာနံ ဗလံ ဓာရေတိ၊

တေနေဝ ဘဂဝါ ကာဠာဝကဟတ္ထိ ဂဏနာယ ကောဋိသဟဿဗလံ ဓာရေတိ၊

ပုရိသ ဂဏနာယ ဒသန္နံ ပုရိသ ကောဋိသဟဿာနံ ဗလံ)

 မြတ်စွာဘုရားသည် ဆဒ္ဒန်ဆယ်စီးအားကို ဆောင်နိုင်၏၊ ထို့ကြောင့် ယခုအခါ မြန်မာပြည် စသည်၌ အသုံးပြုနေသော ဆင်မည်းခေါ် အော်မြည်တတ်သော ကာဠာဝကဆင်ပေါင်း ကုဋေတစ်ထောင်အား၊ ဗိုလ်ခြေယောက်ျား ကုဋေတစ်သောင်းအား ကိုဆောင်နိုင်သော အားတော်မြတ် ရှိသည်ဟူ၏။ (အဘိဓာန်ဋီကာမှ။)

အောက်ပါဇယားတွင် မြတ်စွာဘုရား၏ အားတော် ၁၀ ပါးကို တွက်ချက်ပြထားသည်။ ဆဒ္ဒန်ဆင် ၁၀ ကောင်သည် ပကတိလူ ၁၀၀၀၀၀၀၀၀၀၀၀ ယောက်နှင့် ညီမျှသည်။

ဆင်      အရေအတွက်

ဆဒ္ဒန်ဆင်          ၁

ဥပေါသထဆင်    ၁၀

ဟေမဆင်          ၁၀၀

မင်္ဂလဆင်          ၁၀၀၀

ဂန္ဓဆင်              ၁၀,၀၀၀

ဝင်္ဂလဆင်          ၁၀၀,၀၀၀

တမ္ဗဆင်            ၁၀၀၀,၀၀၀

ပဏ္ဍရဆင်         ၁၀,၀၀၀,၀၀၀

ဂင်္ဂေယျဆင်       ၁၀၀,၀၀၀,၀၀၀

ကာဠာဝကဆင်  ၁,၀၀၀,၀၀၀,၀၀၀

ပကတိလူ          ၁၀,၀၀၀,၀၀၀,၀၀၀