ဆွမ်းလောင်းရခြင်းအကျိုး(၁၂)ပါး

၁။ တာဝတိံသာနတ်ပြည်နတ်မင်းကြီး၏ မိဖုရားအဖြစ်ကိုရခြင်း။

၂။ စကြာမင်း၏ မိဖုရားအဖြစ်ကို ရခြင်း။

၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း။

၄။ ကြာညို ပန်းအဆင်းနှင့် တူသောအဆင်းရှိသည် ဖြစ်၍ အလွန်အဆင်းလှခြင်း။

၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍လွန်စွာ ရှုချင်စဖွယ် ရှိခြင်း။

၆။ မြတ်သော အမျိုး၌ ဖြစ်၍အလင်းရောင်ကို ဆောင်နိုင်ခြင်း။

၇။ မောင်းမ တစ်ထောင်တို့၏အကြီးအမှူးးဖြစ်ခြင်း။

၈။ မရေမတွက်နိုင်သော သင်္ကန်း,ဆွမ်း, ဆေးပစ္စည်း ကျောင်း ၊အိပ်ရာနေရာ တို့ကို ရရှိခြင်း။

၉။ ဆွမ်းလှူခဲ့သည့် အချိန်မှစ၍သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင်ဒုဂ္ဂတိဘဝသို့ မလားရောက်ရခြင်း။

၁၀။ လူဘဝနှင့်နတ်ဘဝနှစ်မျိုးတို့၌သာ ကျင်လည်ခဲ့ရခြင်း။

၁၁။ များသော စည်းစိမ််ဥစ္စာရှိ၍မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း။

၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ရဟန္တာဖြစ်ရခြင်း။