ရေလှူ၍ ရသော အကျိုးများ

၁။ သန့်ရှင်းကြည်လင်ခြင်း

၂။ ကျော်စောထင်ရှားခြင်း

၃။ အခြံအရံ ပေါများခြင်း

၄။ လျင်မြန်ဖျတ်လတ် သွက်လက်ပေါ့ပါးခြင်း

၅။ ရေငတ်မွတ်သိပ်မှု ကင်းဝေးခြင်း

၆။ အသက်ရှည်ခြင်း

၇။ အဆင်းလှခြင်း၊

၈။ ကြီးပွားချမ်းသာခြင်း

၉။ ခွန်အားကြီးမားခြင်း

၁၀။ ပညာဉာဏ် ကြီးပွားခြင်းတို့ ဖြစ်၏။

သက်ရှည်,ဆင်းလှ၊ ချမ်းသာရ၊ ဗလ,ဉာဏ်ပညာ။ စင်ကြယ်,ခြွေသင်း၊ ကျော်စောခြင်း၊ လျင်ခြင်း,မွတ်သိပ်ကွာ။ရေကိုလှူရ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။

၁ ၊၊ ပဒုမုတ္တရ ဗုဒ္ဓ ပွင့်ရာဥဒကဒါယက ထေရလောင်းလျာသံဃာတော်အား စိတ်ထားကြည်စွာ သောက်ရေအိုးအားကိုးလှူခဲ့တာ ၊၊

၂ ၊၊ တောင်ထိပ်သစ်ပင် ကောင်းကင်မှာနေ ရေကို မျှော်တခဏရပေ မြေပြင်နေငြားရေမရှားလေ ရေလှူရဒါနအကျိုးပေ ၊၊

၃ ၊၊ နောက်ကြောင်းပြန်ချိန်း တစ်သိန်းကမ္ဘာ ရေလှူခဲ့ရချိန်မှစကာ အပါယ်လေးပါးမလားရပါ ရေလှူရဒါနတန်ခိုးပါ ၊၊

၄ ၊၊ ဂေါတမဘုရား ထင်ရှားပွင့်ရာ ဥဒက ဒါယက မည်ရ ရဟန္တာဖြစ်လာရကျိုး တန်ခိုးဂုဏ်ဟာ ရေလှူရဒါနတန်ခိုးပါ၊၊သူ့အကြောင်းပြန်ပြောင်းဟောခဲ့တာ၊၊

  • ဥဒက ဒါယကထေရအပဒါန်

၁။ နတ်မင်းအပေါင်းထက် မြတ်သောနတ်အဖြစ် အကြိမ်များစွာ ဖြစ်ရခြင်း

၂။ စကြဝတေးမင်းအဖြစ် အကြိမ်များစွာ ဖြစ်ရခြင်း

၃။ အပါယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှမရောက်ရခြင်း

၄။ ရောက်လေရာအရပ်၌ ရေမရှားခြင်း

၅။ ရောဂါကင်း၍ အဆင်းလှခြင်း၊

၆။ ဆောင်းရာသီ နွေရာသီမျာူ၌ လိုအပ်၍တောင်းတလျှင် ကြီးစွာသော မိုးကို ရွာသွန်းစေနိုင်ခြင်း

၇။ ကိလေသာတည်းဟူသော မြူကင်းခြင်း … ဟူသော အကျိုးထူးများကို ခံစားရသည်။

  • (အပ၊၂။၇၈)

၁။ အပါယ်လေးပါးမလာမရောက်ရခြင်း။

၂။ တောင်ထိပ်၊ ကောင်းကင်၊ အလွန်အသွားခက်သော လမ်းခရီးတို့၌သော်လည်း ရေသောက်လိုက ရေအလွယ်တကူရခြင်း။

၃။ မိုးခေါင်ရေရှားသည့် ဘေးဒုက္ခမှ ကင်းလွတ်ခြင်း။

၄။ ပူလောင်ခြင်း, ပူအိုက်ခြင်းဘေးမှကင်းဝေးရခြင်း။

၅။မိုးရွာစေလိုကမိုးရွာချခြင်း။

၆။အပူလွန်သောရောဂါ,အအေးပတ်သောရောဂါတို့မှကင်းဝေးခြင်း။

၇။ ခန္ဓာကိုယ်၌ မြူမှုံ့စသောအညစ် အကြေးများကင်းဝေးရခြင်း။

(ခန္ဓာကိုယ်၌ကြေးညှော်မတင်ဘဲသန့်ရှင်းခြင်း။

၈။ မကောင်းသောစိတ်ထားကင်းစင်၍သန့်ရှင်း ကောင်းမွန်သောစိတ်ရှိခြင်း။

၉။ ကိလေသာအညစ်အကြေးတို့ကိုမဂ်ဟူသောရေစင်ဖြင့်ဆေးကြောသုတ်သင်နိုင်ခြင်း။

(မဂ်ဖိုလ်နိဗ္ဗာန်ရခြင်း)

  • (ဥဒကဒါယိကထေရီအပါန်- နှာ ၁၉၇၊၁၉၈)

ရေလှူအကျိုး၉မျိုးလင်္ကာ။

အပါယ်အဟိတ်၊တံခါးပိတ်၍၊တောင်ထိပ်ကောင်းကင်၊ရောက်နေလျှင်လည်း၊ မပူပင်ရ၊ရေကိုရ၏။မိုးကမရွာ၊ရေမလာသည့်၊နှစ်ဖြာဒုက္ခ၊ကင်းဝေးပလျက်၊စိတ်ကတောင့်တ၊မိုးရွာချ၏။

တောင့်တရေဆာ၊ မငတ်ပါဘဲ၊ ပူနာအေးနာ၊ ကင်းစင်ကွာ၏။ ကိုယ်မှာညစ်ကြေး၊ မညစ်ထေးဘူး၊ စိတ်အေးကြည်လင်၊ စိတ်ကောင်းဝင်လျက်၊ လေးအင် မြိုက်မဂ်၊ ဓားသန်လျက်ဖြင့်၊ ပယ်ဖျက်ကိလေ၊ ဤကိုးထွေသည်၊မှတ်လေရေလှုအကျိုးတည်း။