၁။ ဆန္ဒ ဒါနံ ဒေတိ – ချစ်မြတ်နိုးခြင်း ကြောင့် ပေးလှူ၏။
၂။ ဒေါသါ ဒါနံ ဒေတိ – အမျက်ထွက်ခြင်း ကြောင့် ပေးလှူ၏။
၃။ မောဟာ ဒါနံ ဒေတိ – မိုက်မဲတွေဝေမှုကြောင့် ပေးလှူ၏။
၄။ ဘယာ ဒါနံ ဒေတိ – ကြောက်ခြင်းကြောင့် ပေးလှူ၏။
၅။ ” ဒိန္နပုဗ္ဗံ ကတပုဗ္ဗံ ပိတုပိတာမဟေဟိ၊ နာရဟာမိ ပေါရာဏံ ကုလဝံသံ ဟာပေ- တု ” န္တိ ဒါနံ ဒေတိ – “အဖ အဖိုးတို့သည် လှူဘူး၏။ပြုဘူး၏။ရှေး၌ဖြစ်သော လှူဒါန်း မှု မျိုးနွယ်အစဉ်အလာကို ယုတ်လျော့စေရန် မသင့် “ဟု အစဉ်အလာကို အကြောင်းပြု၍ ပေးလှူ၏။
၆။ ” ဣမာဟံ ဒါနံ ဒတွာ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိ- ဿာမီ ” တိ ဒါနံ ဒေတိ – ” ငါသည် ဤ အလှူကို ပေးလှူ၍ ကိုယ်ခန္ဓာ ပျက်စီး၍ သေသည်မှ နောက်ကာလ၌ ကောင်းမှု ပြုသူတို့ လားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရအံ့ ” ဟု သုဂတိရောက်ရေးကို အကြောင်းပြု၍ ပေးလှူ၏။
၇။ ” ဣမံ မေ ဒါနံ ဒဒတော စိတ္တံ ပသီဒတိ၊ အတ္တမနတာ သောမနဿံ ဥပဇာယတီ ” တိ ဒါနံ ဒေတိ – ” ဤအလှူကို လှူသော ငါ၏ စိတ်သည် ကြည်လင်၏။ နှစ်သက် ဝမ်းမြောက်မှု ဖြစ်၏” ဟု စိတ်ခံစားမှုကို အကြောင်းပြု၍ ပေးလှူ၏။
၈။ စိတ္တာလင်္ကာရစိတ္တပရိက္ခာရတ္ထံ ဒါနံ ဒေတိ – သမထ ဝိပဿနာစိတ်၏ အဆင်တန်ဆာ အခြံအရံအလို့ငှါ ပေးလှူ၏။ပေးကမ်း စွန့်ကြဲ လှူဒါန်းခြင်းသည် စိတ်ကို နူးညံ့စေ၏။အလှူခံရသူကလည်း ငါရပြီဟု နူးညံ့သောစိတ်ဖြစ်၏။ပေးလူသူကလည်း ငါပေးလှူလိုက်ရပြီဟု နူးညံ့သော စိတ်ဖြစ်၏။ဤသို့လျှင် ဒါနသည် နှစ်ဦးနှစ်ဘက်စိတ်ကို နူးညံ့စေတတ်၏။နူးညံ့သောစိတ်သည် သမထ ဝိပဿနာအားထုတ်ရာ၌ ပို၍ ခရီးပေါက် ထိရောက်ပေ၏။
- အင်္ဂုတ္တိုရ်၊ တ – ၆၉၊ ဒါနဝတ္ထုသုတ်