၁။ သုစိ ဒေတိ – သန့်ရှင်းစင်ကြယ် အဆင်းနှင့်
ပြည့်စုံသော လှူဘွယ်ဝတ္ထုကို လှူဒါန်းရ၏။
၂။ ပဏီတံ ဒေတိ- မွန်မြတ်သော လှူဘွယ်ဝတ္ထု
ကို လှူဒါန်းရ၏။
၃။ ကာလေန ဒေတိ – သင့်လျော်လျောက်ပတ်
သော အခါ၌ လှူဒါန်းရ၏။
၄။ ကပ္ပိယံ ဒေတိ – အလှူခံပုဂ္ဂိုလ်အတွက် အပ်
စပ်သော လှူဘွယ်ဝတ္ထုကို လှူဒါန်းရ၏။
၅။ ဝိစေယျ ဒေတိ – ” ဤအလှူခံအား လှူသော်
အကျိုးကြီးလိမ့်မည် ” ဟု အလှူခံကောင်း
ကို ရွေးချယ်၍လည်းကောင်း လှူဘွယ်ဝတ္ထု
ကို ရွေးချယ်၍လည်းကောင်း ပေးလှူရ၏။
၆။ အဘိဏှံ ဒေတိ – အမြဲမပြတ် အာစိဏ္ဏကံ
ပေးလူရ၏။
၇။ ဒဒံ စိတ္တံ ပသာဒေတိ – လှူဆဲခဏ စိတ်ကို
ကြည်လင်စေရ၏။ ကြည်ကြည်နူးနူး
လှူဒါန်းရ၏။
၈။ ဒတွာ အတ္တမနော ဟောတိ – ပေးလှူပြီး
သော အခါ၌လည်း နှစ်သက်ဝမ်းမြောက်
သော စိတ်ရှိရ၏။
အင်္ဂုတ္တိုရ်၊ တ – ၇၄၊ သပ္ပုရိသဒါနသုတ်