ဘုရားအလောင်းတို့၏ အဇ္ဈာသယ ၆ မျိုး

၁။ နေက္ခမ္မဇ္ဈာသယ- ဘုရားအလောင်းတို့သည်

     ကာမဂုဏ်တို့၌ လည်းကောင်း အိမ်ရာတည်

     ထောင် လူ့ဘောင်၌လည်းကောင်း အပြစ်မြင်

     လေ့ ရှိပြီး တောထွက်လိုခြင်း၊

၂။ ပဝိဝေကဇ္ဈာသယ- အပေါင်းအဖော်၌ မွေ့

     လျော်ခြင်းကို အပြစ် မြင်လေ့ရှိပြီး ဆိတ်ငြိမ်

     ရာအရပ်၌ နေထိုင်လိုခြင်း၊

၃။ အလောဘဇ္ဈာသယ- တပ်မက်မှု လောဘ၌

     အပြစ်မြင်လေ့ရှိပြီး အလောဘစိတ်ဖြင့် နေ

     ထိုင်လိုခြင်း၊

၄။ အဒေါသဇ္ဈာသယ- အမျက်ထွက်ခြင်း ဒေါသ

     ၌ အပြစ်မြင်လေ့ရှိပြီး အဒေါသ မေတ္တာစိတ်

     ဖြင့် နေထိုင်လိုခြင်း၊

၅။ အမောဟဇ္ဈာသယ- တွေဝေခြင်းမောဟ၌

      အပြစ်မြင်လေ့ရှိပြီး ပညာ အမောဟစိတ်ဖြင့်

      နေထိုင်လိုခြင်း၊

၆။ နိဿရဏဇ္ဈာသယ- အလုံးစုံသော ဘဝတို့၌

      ကျင်လည်ရခြင်းကို အပြစ်မြင်လျက် ဘဝ

      အားလုံးတို့မှ လွတ်မြောက်လိုခြင်း။

  • စရိယာ၊ဋ္ဌ။၂၈၂။