သံရှစ်ချက် ဂါထာ

သံသာရ စက္က ဝိဒ္ဓံသံ၊ သံ သုဒ္ဓံ မဿ ဩရသံ။

သံဆိန္နကံ ဘ​ဝေ အာသံ၊ သံဃံ အပိ သုမာနသံ။

အနက် –

သံသာရစက္ကဝိဒ္ဓံသံ – သံသရာစက်ကို ချိုးဖဲ့ ဖျက်ဆီး​တော် မူပြီး​သော၊ သံသုဒ္ဓံ – အဝိဇ္ဇာ​မှောင် ကင်းသဖြင့် ဖြူဝင်းစင်ကြယ်​သော စိတ်ရှိ​တော်မူ​သော၊ အဿ – ထိုဘုရားရှင်၏၊ ဩရသံ – သဒ္ဓမ္မသမ္ဘူတ​ခေါ် ရင်​​သွေး​တော် အစစ်ဖြစ်​သော၊ ဘ​ဝေ – သုံးဆယ့်တစ်ထပ် ဘဝရပ်၌၊ အာသံ – ခင်မင် တွယ်တာသည့် တဏှာတရားကို၊ သံဆိန္နကံ – ​ကောင်း​ကောင်းကြီး ပယ်လှန် ဖြတ်​တောက်​တော် မူပြီး​သော၊ သုမာနသံ – ရွှင်ကြည်​အေးမြ အလွန်​ကောင်းမြတ်​သော နှလုံး​တော် ရှိ​​သော၊ သံဃံ အပိ – အရိယာရှစ်​ဖော် မြတ်သံဃာ​တော်ကိုလည်း၊ အဟံ – အကျွန်ုပ်သည်၊ ဝန္ဒါမိ – ညွတ်နူးကြည်သာ ရို​​သေလေးမြတ်စွာ ရှိခိုးပါ၏ ဘုရား။

အညွှန်း –

  • ဇလွန်မြို့ ပြည်​တော်ပြန်ဘုရား လက်ယာလက်ရုံး​တော် ဂါထာ
  • အစိမ်း သရဲများကို နိုင်နင်းရုံမက အပြိုင်အဆိုင်များကိုလည်း နိုင်နင်း​စေနိုင်သည်။