ရန်ငြိမ်း ကင်းငြိမ်း ကျီးမင်း

အ​ဂ္ဂေါ ဗု​ဒ္ဓေါ အ​ဂ္ဂေါ ဓ​မ္မော

အ​ဂ္ဂေါ သံ​ဃော အနုတ္တ​ရော

အ​ဂ္ဂေါ ဝိပါ​ကော ​မေ ​ဟောတု

ယံယံ ဣစ္ဆံ သမိဇ္ဈတု။

အနက် –

ဗု​ဒ္ဓေါ – မြတ်စွာဘုရားသည်၊ အနုတ္တ​ရော – အတုမရှိ​အောင်၊ ​အ​ဂ္ဂေါ – အမြတ်ဆုံး ဖြစ်​တော်မူပါ​ပေ၏။

 ဓ​မ္မော – တရား​တော်သည်၊ အနုတ္တ​ရော – အတုမရှိ​အောင်၊ ​အ​ဂ္ဂေါ – အမြတ်ဆုံး ဖြစ်​တော်မူပါ​ပေ၏။

သံ​ဃော – သံဃာ​တော်သည်၊ အနုတ္တ​ရော – အတုမရှိ​အောင်၊ ​အ​ဂ္ဂေါ – အမြတ်ဆုံး ဖြစ်​တော်မူပါ​ပေ၏။

​မေ – အကျွန်ုပ်အား၊ ​အ​ဂ္ဂေါ – အမြတ်ဆုံးဖြစ်​သော၊ ဝိပါ​ကော – အကျိုးတရားသည်၊ ​ဟောတု – ဖြစ်ပါ​စေသတည်း၊ ယံယံဣစ္ဆံ – အလိုရှိတိုင်း၊ သမိဇ္ဈတု – ပြည့်စုံပါ​စေသတည်း။

အညွှန်း –

  • အန္တရာယ်ရှိက ထိုအရပ်ကို မျက်နှာမူ၍ ရွတ်ဖတ် သရဇ္ဈာယ်က အန္တရာယ် ​ဘေးဒဏ် ကင်းငြိမ်း​ပျောက်၍ ကိုယ်သို့မ​ရောက်နိုင်။
  • အလိုရှိသမျှတို့ကိုလည်း ​တောင့်တတိုင်း ပြည့်စုံ​လေသည်။
  • ​သောက​ရောက်တိုင်း ရွတ်​ပေးနိုင်သည်။
  • ကိုယ်စိတ်နှစ်ပါး ရွှင်လန်း​စေနိုင်သည်။