မိခင်လောင်းများ ရွတ်ဆိုရမည့် ဂါထာ

ယော ​မေ အယံဘ​န္တေ ကုစ္ဆိဂ​တော ကုမာရ​ကော ဝါ

ကုမာရိကာ ဝါ၊ ​သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ။

ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ၊ ဥပါသကံ တံ ဘဂဝါ ဓါ​ရေတု

အဇ္ဇတ​ဂ္ဂေ ပါဏု​ပေတံ သရဏံ ဂတန္တိ။

အနက် –

ဘ​န္တေ – အရှင်ဘုရား ​မေ – တပည့်​တော်မ၏၊ ကုစ္ဆိဂ​တော – ဝမ်း၌တည်​သော၊ ​ယောအယံ – အကြင်သူသည်၊ ကုမာရ​ကောဝါ – သတို့သားသည်မူလည်း၊ ​ဟောတု – ဖြစ်​စေ၊ ကုမာရိကာဝါ – သတို့သမီးသည်မူလည်း၊ ​ဟောတု – ဖြစ်​စေ။

​သော – ထိုသတို့သား သတို့သမီးသည်၊ ဘဂဝန္တံ – မြတ်စွာဘုရားကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ – ဆည်းကပ်ပါ၏၊ ဓမ္မဉ္စ – တရား​တော်မြတ်ကိုလည်း၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ – ဆည်းကပ်ပါ၏၊ ဓမ္မဉ္စ – တရား​တော်မြတ်ကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ – ဆည်းကပ်ပါ၏၊ သံဃံ – သံဃာ​တော် အ​ပေါင်းကိုလည်း၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ – ဆည်းကပ်ပါ၏၊

ဘဂဝါ – မြတ်စွာဘုရားသည်၊ တံ – ထိုသူကို၊ အဇ္ဇတ​ဂ္ဂေ – ယ​နေ့မှစ၍၊ ပါဏု​ပေတံ – အသက်ထက်ဆုံး၊ ဥပါသကန္တိ – ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်တတ်သူ ဟူ၍၊ ဓါ​ရေတု – မှတ်ယူ​တော်မူပါဘုရား။

အညွှန်း –

  • မဇ္ဈိမနိကာယ မဇ္ဈိအပဏ္ဏာသက၊ နှာ(၃၀၀) ​ဗောဓိရာဇကုမာရသုတ်​တော်
  • ​ဗောဓိရာဇကုမာရမင်းသား၏ မိခင်သည် ဤဂါထာဖြင့် ဘုရားရှင်အား ​လျောက်ထားပန်ကြားခဲ့သည်။

သားသမီး အဖတ်မတင်သည့် မိခင်​လောင်းများ ရွတ်ပွားသင့်ပါသည်။