သာလွန်မင်း တရားကြီး ပွားများလေ့ရှိသော ဂါထာ

မဂ္ဂါနဋ္ဌင်္ဂိ​ကော ​သေ​ဋ္ဌော၊ သစ္စာ နံ စတု​ရော ပဒါ၊

ဝိ​​ရာ​ဂေါ ​သေ​ဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ၊

ဧ​တေန သစ္စဝ​ဇ္ဇေန ၊ ​ဟောတု ​မေ ဇယမင်္ဂလံ။

အနက် –

မဂ္ဂါ – (မိစ္ဆာမဂ်၊ ဇင်္ဂမဂ်၊ သကဋမဂ်) စသည် ​ထွေပြား မဂ်အမည်ရ​သော တရားတို့တွင်၊ အဋ္ဌင်္ဂိ​တော – မဂ္ဂင်ရှစ်ပါး မြတ်တရားသည်၊ ​သေ​ဋ္ဌော – အသာဆုံး၊ အမြတ်ဆုံး ဖြစ်ပါ​အေ၏၊ သစ္စာနံ – ဝစီသစ္စာ သမ္မုတိသစ္စာ၊ ပရမတ္တသစ္စာတို့တွင်၊ စတု​ရော ပဒါ ဒုက္ခ – သမုဒယ နိ​ရောဓနှင့် မဂ္ဂတစ်ဖြာ သစ္စာ​လေးပါးတရားတို့သည်၊ ​သေ​ဋ္ဌော – အမြတ်ဆုံး အသာဆုံး ဖြစ်ပါ​ပေ၏၊ ဓမ္မာနံ – တရားအ​ပေါင်းတို့တွင်၊ ဝိရာ​ဂေါ – ရာဂကင်းရာအမှန် နိဗ္ဗာန်တရား​တော်သည်၊  ​သေ​ဋ္ဌော – အမြတ်ဆုံး အသာဆုံး ဖြစ်ပါ​ပေ၏၊ ဒွိပဒါနဉ္စ – လူ နတ် ဗြဟ္မာ သတ္တဝါ အ​ပေါင်းတို့တွင်၊ စက္ခုမာ – စက္ခုငါးမျိုး ပိုင်စိုးသိမြင်ဘုရားရှင်သည်၊  ​သေ​ဋ္ဌော – အမြတ်ဆုံး အသာဆုံး ဖြစ်ပါ​ပေ၏၊

ဧ​တေန သစ္စဝ​ဇ္ဇေန – ဤမှန်ကန်​သော သစ္စာစကားကို ဆိုရခြင်း​ကြောင့်၊ ​မေ – တပည့်​တော်အား၊ ဇယမင်္ဂလံ – အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ​ကောင်းခြင်းစဥ်လာ ​အောင်ခြင်း မင်္ဂလာသည်၊ ​ဟောတု – စင်စစ်မ​သွေ ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • ခုဒ္ဒကနိကာယ် ဓမ္မပဒ ပါဠိ​တော် မဂ္ဂဝဂ် ပဉ္စသတ ဘိက္ခုဝတ္ထု၊ နှာ (၅၂)၊  (ဓမ္မ၊ ဋ္ဌ၊ ၂၊ ၂၅၃)