ရန်သူမမြင်နိုင်သော ကိုယ်ပျောက်ဂါထာ

၁။ ဗု​ဒ္ဓေါ စ မင်္ဂ​​လော ​လော​ကေ၊

သမ္ဗု​ဒ္ဓေါ စာပိ ​လောက​ဂ္ဂေါ။

ဗုဒ္ဓံ သရဏ မာဂမ္မ၊

သဗ္ဗဒုက္ခါ ပမုစ္စ​ရေ။

၂။ ဓ​မ္မော စ မင်္ဂ​လော ​လော​ကေ၊

ဂမ္ဘီ​ရော ​ဟောတိ ဒုဒ္ဒ​သော၊

ဓမ္မံ သရဏ မာဂမ္မ၊

သဗ္ဗဒုက္ခါ ပမုစ္စ​ရေ။

၃။ သံ​ဃော စ မင်္ဂ​လော ​လော​ကေ၊

ဒက္ခိ​ဏေ​ယျော သဒါ ​ဟောတိ။

သံဃံ သရဏ မာဂမ္မ၊

သဗ္ဗ ဒုက္ခါ ပမုစ္စ​ရေ။

အနက် –

၁။ ​လော​ကေ – ​လောကသုံးပါး၌၊ ဗု​ဒ္ဓေါစ – မြတ်စွာဘုရားသည်လည်း၊ မင်္ဂ​လော – အတုမရှိ​သော မင်္ဂလာကြီးတစ်ဆူ ဖြစ်​​တော်မူ​ပေသည်၊ သမ္ဗု​ဒ္ဓေါစာပိ – မကြွင်း မကျန် အမြင်သန်​သော သယမ္ဘူဉာဏ် သဗ္ဗညုတဉာဏ်နှင့်လည်း ပြည့်စုံ​တော်မူ​ပေ၏။ ​လောက​ဂ္ဂေါ – ​လောကသုံးပါးထက် ကြီးမြတ်​တော်မူ​ပေ၏၊ ဗုဒ္ဓံ သရဏံ – မြတ်စွာဘုရားတည်းဟူ​သော ကိုးကွယ်ရာကို၊ အာဂမ္မ – အစွဲပြု၍၊ သတ္တာ – သတ္တဝါ အ​ပေါင်းတို့သည်၊ သဗ္ဗဒုက္ခါ သဗ္ဗဒု​က္ခေဟိ – ခပ်သိမ်း​သော ဆင်းရဲဒုက္ခ အ​ပေါင်းတို့မှ၊ ပမုစ္စ​ရေ ပမုစ္စန္တိ – ကင်းလွတ်ကြကုန်၏။

၂။ ​လော​ကေ – ​လောကသုံးပါး၌၊ ဓ​မ္မောစ – တရား​တော်မြတ်သည်လည်း၊  မင်္ဂ​လော – အတုမရှိ​သော မင်္ဂလာကြီးတစ်ဆူ ဖြစ်​​တော်မူ​ပေသည်၊ ဂမ္ဘီ​ရော – အလွန်နက်နဲလှ၏၊ ဒုဒ္ဒ​သော – အလွန်သိမြင်နိုင်ခဲသည်၊ ​ဟောတု – ဖြစ်၏။ ဓမ္မံ သရဏံ – တရား​တော်မြတ်တည်းဟူ​သော ကိုးကွယ်ရာကို၊ အာဂမ္မ – အစွဲပြု၍၊ သတ္တာ – သတ္တဝါ အ​ပေါင်းတို့သည်၊ သဗ္ဗဒုက္ခါ သဗ္ဗဒု​က္ခေဟိ – ခပ်သိမ်း​သော ဆင်းရဲဒုက္ခ အ​ပေါင်းတို့မှ၊ ပမုစ္စ​ရေ ပမုစ္စန္တိ – ကင်းလွတ်ကြကုန်၏။

၃။ ​လော​ကေ – ​လောကသုံးပါး၌၊ သံ​ဃောစ – သံဃာ​တော်သည်လည်း၊ မင်္ဂ​လော – အတုမရှိ​သော မင်္ဂလာကြီးတစ်ဆူ ဖြစ်​​တော်မူ​ပေသည်၊ သဒါ – အခါခပ်သိမ်း၊ ဒက္ခိ​ဏေ​ယျော – မြတ်​သောအလှူကို ခံ​တော်မူထိုက်သည်၊ ​ဟောတိ – ဖြစ်၏။ သံဃံ သရဏံ – သံဃာ​တော်မြတ်တည်းဟူ​သော ကိုးကွယ်ရာကို၊ အာဂမ္မ – အစွဲပြု၍၊ သတ္တာ – သတ္တဝါ အ​ပေါင်းတို့သည်၊ သဗ္ဗဒုက္ခါ သဗ္ဗဒု​က္ခေဟိ – ခပ်သိမ်း​သော ဆင်းရဲဒုက္ခ အ​ပေါင်းတို့မှ၊ ပမုစ္စ​ရေ ပမုစ္စန္တိ – ကင်းလွတ်ကြကုန်၏။

အညွှန်း –

  • အန္တရာယ်ကင်း(၃)ဂါထာ ဖြစ်သည်။
  • အိပ်ရာဝင်တိုင်း အမြဲသက်​စေ့ရွတ်၍ အိပ်၊ ​ရောဂါဆိုး၊ အနာဆိုး၊ ကပ်၊ ဥပါဒ်အမျိုးမျိုးတို့မှ ကင်းလွတ်​စေတတ်သည်။
  • ​နေ့တွင် ပုတီးတစ်ပတ် အမြဲ ဝတ်ထား၍ စိပ်ရာသည်။