ကုန်းလမ်း ခရီးသွား အန္တရာယ်ကင်း ဂါထာ

ပါသာဏာ သက္ခရာ ​စေဝ၊ ကထလာ ခါဏုကဏ္ဍကာ။

သ​ဗ္ဗေ မဂ္ဂါ ဝိ​ဇ္ဇေန္တိ၊ ဂစ္ဆ​န္တေ ​လောကနာယ​ကေ။

ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဂမနံ ​မေ သမိဇ္ဈတု။

အနက် –

​လောကနာရ​ကေ – မြတ်စွာဘုရားသည်၊ ဂစ္တ​န္တေ – လှမ်းကြွ​တော်မူသည်ရှိ​သော်၊ ပါသာဏာစ – ​ကျောက်ဖျာ ​ကျောက်တုံးကြီးတို့သည်၎င်း၊ သက္ခရာ​စေဝ – ​ကျောက်စရစ်ငယ်တို့သည်၎င်း၊ ကထလာစ – အိုးခြမ်းကွဲတို့သည်၎င်း၊ ခါဏုကဏ္ဍကာစ – ဆူး​ငြောင့် ခလုတ် သစ်ငုတ် သစ်ချွန်တို့သည်၎င်း၊ သ​ဗ္ဗေ – အလုံးစုံ​သော ​ဘေးအန္တရာယ်တို့သည်၊ မဂ္ဂါ – လမ်းခရီးမှ၊ ဝိဝဇ္ဇန္တိ – ဖဲကြဥ်ကြ​လေ၏။ ဧ​တေန သစ္စဝ​ဇ္ဇေန – ဤဟုတ်မှန်​သော သစ္စာစကား​ကြောင့်၊ ​မေ – အကျွန်ုပ်၏၊ ဂမနံ – သိဒ္ဓိမှန်းပြီး ဘဝခရီးလမ်းသည်၊ သမိဇ္ဈတု – ​အောင်မြင်ပြီး​မြောက် ခရီး​​ရောက်ပါ​စေသတည်း။

အညွှန်း –

  • မဇ္ဈိမနိကာယ အဋ္ဌကထာ ဂဟပတိဝဂ်(မ၊ ဋ္ဌ၊ ၂၊ ၁၆) ​သေခသုတ်လာ ဖြစ်သည်။
  • ဤဂါထာကို ရွတ်ဆိုပြီး​နောက် သမ္ဗု​ဒ္ဓေဂါထာကို (၈) ​ခေါက်ရွတ်ဆိုရသည်။