လယ်တီဆရာတော်ဘုရား ရွတ်ဆိုလေ့ရှိသော ဂါထာ

  • န​မော တဿ ဘဂဝ​တော အရ​ဟ​တော သမ္မာသမ္ဗုဒ္ဓဿ။
  • န​မော ဓမ္မဿ။
  • န​မော သံဃဿ။
  • န​မော အာစရိယာနံ။
  • တိဋ္ဌန္တု သီ​သေ ​မေ ဧ​တေ။
  • အန္တရာယာ သ​မေန္တု​မေ။

အနက် –

  • ဘဂဝ​တော – ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တည်းဟူ​သော ​ခြောက်ဝဘုန်းဟုန် ​ကျေးဇူးဂုဏ်နှင့် ပြည့်စုံ​တော်မူထ​သော၊ အရဟ​​တော – ကိ​လေသာ ကင်းပြတ်သဖြင့် မြတ်​သောအလှူကို ခံ​တော်မူထိုက်​ပေ​သော၊ တဿ သမ္မာ သမ္ဗုဒ္ဓဿ – မ​ဖောက်မပြန်သယမ္ဗူဉာဏ်ဖြင့် အမှန်ထိုးထွင်း၍ သိမြင်​တော်မူ​သော ထိုမြတ်စွာဘုရားသခင်အား၊ န​မော – ရှိခိုးပါ၏။
  • ဓမ္မဿ – မြတ်စွာဘုရား ​ဟောကြား​တော်မူအပ်​သော တရား​တော်မြတ်အား၊ န​မော – ရှိခိုးပါ၏။
  • သံဃဿ – မြတ်စွာဘုရား၏ တပည့်သား သံဃာ​တော်မြတ်အား၊ န​မော – ရှိခိုးပါ၏။
  • အာစရိယာနံ – ပည္ သိပ္ပ ညွှန်ပြသွန်သင် ​ကျေးဇူးရှင် ဆရာမြတ်တို့အား၊ န​မော – ရှိခိုးပါ၏။
  • ဧ​တေ – ထိုဘုရား၊ တရား၊ သံဃာ၊ ဆရာ အရှင်မြတ်တို့သည်၊ ​မေ – အကျွန်ူပ်၏၊ သီ​သေ – ဦး​ခေါင်းရတနာ မြတ်အင်္ဂါထက်၌၊ တိဋ္ဌန္တု – တည်​နေကိန်းဝပ်​တော် မူကြပါ​စေကုန်သတည်း။
  • ​မေ – အကျွန်ုပ်အား၊ အန္တရာယာ – ​ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှတို့သည်၊ သ​မေန္တု – ကင်းငြိမ်း လွင့်စင် ကြပါ​စေကုန်သတည်း။

အညွှန်း –

  • လယ်တီဆရာ​တော် ဘုရားကြီး၏ ဥ​ရောပ ဗုဒ္ဓဘာသာ အလင်းပြကျမ်း ပဏာမနှင့် အာသီသတွင် ပါရှိ​သော ဂါထာဖြစ်သည်။
  • ​ဘေးအန္တရာယ် ကင်းရှင်း၍ စီးပွားဥစ္စာ တိုးတက်လျက် ဘုန်းကျက်သ​ရေ ကြီးမားတတ်သည်။