နာညတြ ဂါထာ

နာညတြ ​ဗောဇ္ဈာတပသာ၊ နာညတြိန္ဒြိယ သံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂါ၊ ​သောတ္ထိံ ပဿာမိ ပါဏိနံ။

အနက် –

​ဗောဇ္ဈာတပဿာ – ​ဗောဇ္ဈင် ခုနှစ်ပါး အကျင့်တရားကို၊ တညတြ – ကြဥ်ထား၍၊ (ဝါ) ဖယ်ထား၍၊ ပါဏိနံ – သတ္တဝါမှန်သမျှတို့၏၊ ​သောတ္ထိံ – ချမ်းသာနိုင်​ကြောင်း အခွင့်​ကောင်းကို၊ နပဿာမိ – ငါဘုရားပင် မြင်​တော်မမူ၊ ဣန္ဒြိယ သံဝရာ – ဣန္ဒြိယ သံဝရ သီလ​ခြောက်ပါး မြတ်တရားကို၊ အညတြ – ဖယ်ထား၍၊ ပါဏီနံ – သတ္တဝါ မှန်သမျှတို့၏၊ ​သောတ္ထိံ – ချမ်းသာနိုင်​ကြောင်း အခွင့်​ကောင်းကို၊ နပဿာမိ – ငါဘုရားပင် မြင်​တော်မမူ၊ သဗ္ဗနဿဂ္ဂါ – အလုံးစုံ တပ်မက် နှစ်သက်ခြင်းကင်းရာ ဖြစ်​သော နိဗ္ဗာန်ချမ်းသာကို၊ အညတြ – ဖယ်ထား၍၊ ပါဏိနံ – သတ္တဝါ မှနိသမျှတို့၏၊ ​​​သောတ္ထိံ – ချမ်းသာနိုင်​ကြောင်း အခွင့်​ကောင်းကို၊ နပဿာမိ – ငါဘုရားပင် မြင်​တော်မမူ။

အညွှန်း –

  • သံယုတ္တနိကာယ် ဝဂ္ဂသံယုတ်ပါဠိ​တော် သုဗြဟ္မသုတ် (သံ၊ ၁၊ ၅၂)လာ ဂ္ထာဖြစ်သည်။
  • အသက်ရှည်​စေနိုင်​သော ဂါထာဖြစ်သည်။
  • နတ်မိစ္ဆာနှင့် စုန်းတို့ မဖမ်းစားနိုင်။
  • ​ဘေးရန်ကင်းသည်။ ​တ​စ္ဆေ၊ သရဲ၊ ပ​ယောဂတို့ မဖမိးစားနိုင်။
  • ​ဘေးရန်ကင်းသည်။ တ​စ္ဆေ၊ သရဲ စသည့် ပ​ယောဂကို နိုင်သည်။
  • ​မြွေအန္တရာယ်ကိုလည်း နိုင်သည်။