ဣစ္ဆာသယ ဂါထာ

၁။ တွံပိ ​သေ​ဋ္ဌော ​လောကသ္မိံ၊

တွံပိ ​လောကာ မဟိဒ္ဓိ​ကော၊

​လောကာဟံ မင်္ဂလံ ​သေဋ္ဌံ၊

​​လောက ပါပံ ပဝါဟနံ။

၂။ ဇယံ တဿ မယှံ ဘ​န္တေ၊

ပုညကမ္မံ က​ရောမဟံ၊

ရတနံ ​တွေဝ ယာစာမိ၊

ဒုက္ခပ္ပတ္တံ ပ​မောစယံ။

၃။ ရာဇာပိ သဗ္ဗ သ​တ္တေသု၊

ယဒိ​မေတ္တံ ဥပ္ပ​ဇ္ဇေယျံ။

ဧဝံသတိ မမ သိဒ္ဓိ၊

ဘဝတု မံ သဗ္ဗပိယံ။

အနက် –

၁။ တွံပိ – သင် ရှင်​တော်မြတ်ဘုရားသည်သာလျှင်၊ ​လောကသ္မိံ – ​​လောက၌၊ ​သေ​ဋ္ဌော – အမြတ်ဆုံး ဖြစ်​တော်မူပါ​ပေ၏။ တွံပိ – သင် ဘုရားရှင်သည်သာလျှင်၊ ​လောကာ – ဗြဟ္မာ လူ နတ် သုံးရပ်​သော တန်ခိုးရှင်အ​ပေါင်းတို့ထက်၊ မဟိဒ္ဓိ​ကော – ဆတက်လွန်ကြူး အထူးအားဖြင့် ကြီးမား​သော တန်ခိုးရှိ​တော်မူ​ပေ၏ ​လောကပါပံ – ​လောကညစ်ကျူး မ​ကောင်းဟူသမျှကို၊ ပဝါဟနံ – ဖျက်ဆီးကာ ​ရေ​မျှောပစ်ပြီး​သော၊ ​လော​ကေ – ​လောက၌၊ မင်္ဂလံ – မင်္ဂလာအ​ပေါင်းနှင့် ပြည့်စုံ​သော၊ ​သေ​ဋ္ဌံ – အထူးသဖြင့် ချီးမွမ်းအပ် မြတ်​တော်နူ​သော ဘုရားရှင်ကို၊ အဟံ – အကျွန်ုပ်သည်၊(ဝ​န္တေ – ရှိခိုးပါ၏။)

၂။ ဘ​န္တေ – အရှင်မြတ်ဘုရား၊ တဿမယှံ – ထိုတပည့်​တော်အား၊ ဇယံ – ဇယမင်္ဂလံ – ​အောင်ခြင်းမင်္ဂလာ အဖြာဖြာသည်၊ (ဘဝတု – ဖြစ်ပါ​စေသတည်း။) အဟံ – အကျွန်ုပ်သည်၊ ပုညကမ္မံ – ​ကောင်းမှုကုသိုလ်ကံကို၊ က​ရောမိ – ပြုလုပ်ပါ၏။ အဟံ – အကျွန်ုပ်သည်၊ ဒုက္ခပ္ပတ္တံ – ဆင်းရဲဒုက္ခ​ရောက်​နေသူ များဗိုလ်လူ အ​ပေါင်းကို၊ ပ​မောစယံ – ကယ်တင်လွတ်​မြောက်​စေလို၍၊ ရတနံ​တွေဝ – ​လောကီဥစ္စာရတနာကို၊ ယာစာမိ – ​တောင်းပါ၏။

၃။ ရာဇာပိ – တိုင်းပြည်​သေဋ္ဌ်နင်း အစိုးရမင်းသည်လည်း၊ သဗ္ဗသ​တ္တေသု – ခပ်သိမ်းများစွာ သတ္တဝါတို့၌၊ ​မေတ္တံ – ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် ​မေတ္တာဝင်ခြင်းတို့၊ ယဒိ ဥပ္ပ​ဇ္ဇေယျံ – အကယ်၍ ဖြစ်​စေငြားအံ့၊ ဧဝံသတိ – ဤသို့ဖြစ်သည်ရှိ​သော်၊ မမ – အကျွန်ုပ်အား၊ သိဒ္ဓိ – ခပ်သိမ်းဥဿုံ အကုန်ပြီး​မြောက် သိဒ္ဓိ​ပေါက်ခြင်းသည်၊ ဘဝတု – မုချမ​သွေ ဖြစ်ပါ​စေသတည်း။ မံ – အကျွန်ုပ်အား၊ သဗ္ဗပိယံ – ဗြဟ္မာ နတ် လူ သုံးဘုံသူတို့ ကြည်ဖြူအစဥ် ​မေတ္တာဝင်၍ ချစ်ခင်မြတ်နိုးခြင်းသည်၊ ဘဝတု – ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • ဆင်းရဲဒုက္ခအ​ပေါင်းတို့မှ ကင်းလွတ်နိုင်ပါသည်။