အောင်ဆုပန် ဇယစက္ကဘုရားရှိခိုး

ဇယစ​က္ကော ဇယ​န္တော ​ယော၊

ဇယိသ​ဗ္ဗေ ဇယာသ​နေ၊

ဇယာ​ပေတိ ဇ​ယေသိနံ၊

ဇယံ ​ဒေတု ဇယုတ္တ​ရော။

​အနက် –

​ယောဇယစ​က္ကော – ပါရမီ​တော် ဆယ်ချက် ​အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်​တော်မြတ်ကြီးသည်၊

ဇ​ယောသ​နေ – ​အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်း မှန်ကင်း ​အောင်​​ဗောဓိပင်ရင်း၌၊

ဇယိသ​ဗ္ဗေ – ​အောင်အပ်သည့်တရား မာရ်ငါးပါးအ​ပေါင်းတို့ကို၊

ဇယ​န္တော – အကြွင်းမဲ့ ​ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ ​အောင်ခြင်းကြီး ​အောင်​တော်မူခဲ့​လေပြီ၊

ဇ​ယေသီနံ – မြတ်နိဗ္ဗာန် ​အောင်ခန်းနှင့် ​အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ဝဋ်အတွင်းမှ လွတ်ကင်း​အောင် အာသာကြီးဖြင့် ရှာမှီးကာ ​နေကြကုန်​သူတို့အား၊

ဇယာ​ပေတိ – ကိုယ်​တော်မြတ်နှင့်အတူ ​အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓါတ်သို့ ဆိုက်ကပ်​တော်မူ​စေ၍ ​အောင်​စေ​တော်မူ​လေပြီ၊

ဇယုတ္တ​ရော – ​အောင်သူတကာတို့၏ မှန်ကင်း၊ ​အောင်ခြင်းတကာတို့၏ ဦး​သျှောင် ထွတ်​ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး ​အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီးဖြစ်​ပေထ​သော၊

​သောဇယစ​က္ကော – အလုံးစုံ ​အောင်ခြင်းနှင့် ပြည့်စုံ​တော်မူ​သော ထိုဘုရားရှင် ကိုယ်​တော်မြတ်ကြီးသည်၊

​မေ – မြတ်နိဗ္ဗူ ​အောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား၊

ဇယံ – ​အောင်ခြင်းကို၊

​ဒေတု – ​ပေးသနား​တော်မူပါ အရှင်ဘုရား။

အညွှန်း –

  • အနက်ကို တစ်​ခေါက်သာစွတ်ဆိုပါ။ ပုတီး (၈) ပတ်စိပ်ပါ။

​လောကီ​လောကုတ္တရာ နှစ်ဖြာ အကျိုးထူးများ ​ပေးစွမ်းနိုင်သည်။