စ.ဓ.ဗ.ဝ ဂါထာတော်

စ.ဓ.ဗ.ဝ ဂါထာတော်
စ-စက္ခုမာ စရ မာစိဏ္ဏော
ဓ-ဓမ္မညူ ဓမ္မသာမိကော
ဗ-ဗလူပေတော ဗလဓရော
ဝ-ဝရဒေါ ဒေတု မေ ဝရံ

စက်ခုမာ-ဒိဗ်ဗစက်ခု ပညာစက်ခု ဗုဒ်ဓစက်ခု
သမန္တစက္ခု ဓမ္မစက္ခု ဟူသော စက္ခုငါပါးနှင့်ပြည့်စုံတော်မူသော
စရမာစိဏော-အကုသိုလ်အဖို့မှဝေးကွာအောင်ကြင့်ကြံအပ်ပြီးထသော
ဓမ္မညူ-သိစရာမှန်သမျှတရားအဖုံဖုံအလုံးစုံကိုသိတော်မူသော
ဓမ္မသာမိကော-ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်သောတရားတို့၏ပိုင်ရှင်ဖြစ်တော်မူသော
ဗလူပေတော-နိဗ္ဗာန်တည်းဟူသောကမ်းတဘက်သို့လှမ်းတက်တော်မူပြီးထသော
ဗလဓရော-အားဆယ်ပါးကိုဆောင်တော်မူပြီးထသော
ဝရတော-အမြတ်ခေါင်မှူးပုဂ္ဂိုလ်ထူးဖြစ်တော်မူသော
တဿဘဂဝတော-ထိုမြတ်စွာဘုရားအား
နမော-ရှစ်ခိုးပါ၏
တေ-ထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်
မေ-တပည့်တော်အား
ဝရံ-ဆုထူးဆုမြတ်အပေါင်းကို
ဒေတု-ရွှင်ပြုံးကြည်စွာပေးသနားတော်မူပါမြတ်စွာဘုရား

စ…စစခပ်သိမ်းဘေးရန်ငြိမ်းအေးကိန်းအောက်ပါစေ
ဓ…ဓနဘောဂံ ရွှေငွေလျှံ ဧကံကြွယ်ဝဖြိုးပါစေ
ဗ…ဗလအင်အားလွန်ကြီးမားကျော်ကြားနိုင်ပါစေ
ဝ…ဝိဇ္ဇာနတ်များကြင်နာပွားဆေးများအင်းများထက်ပါစေ