မြတ်စွာဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး

“ရောင်ခြည်ခြာက်သွယ်၊ ဘဝဂ်ကယ်၊ အံ့ဖွယ်ဆယ့်ရှစ်ဖြာ”

အံ့ဖွယ်ဆယ့်ရှစ်ဖြာ ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော် ၁၈ ပါးဖြစ်သည်။

  • သင်္ကန်းတာ်သည် လျှော်ဖွတ်ရမှု၊ နွမ်းရိမှု မရှိခြင်း။
  • ဆံတော်သည် လက်နှစ်သစ်သာ အမြဲတည်ရှိခြင်း။
  • ပရိက္ခရာဆောင်ရာတွင် ကိုယ်တော်နှင့် လက်လေးသစ်မျှ ကွာခြင်း။
  • သပိတ်တော်ကိုဆေးလျှင် လက်တော်စင်ကြယ်ခြင်း၊ လက်တော်ဆေးလျှင် သပိတ်တော် စင်ကြယ်ခြင်း။
  • ရောင်ခြည်တော် ခြောက်ပါးလွှတ်လျှင် အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့ခြင်း။
  • မြတ်စွာဘုရား၏ ပုံတူကိုယ်ပွားကို အသိန်း အသန်း ဖန်ဆင်းနိုင်ခြင်း။
  • ဘုံသုံးပါးတို့၌ အမိုက်အလင်းကို ဖန်ဆင်းနိုင်ခြင်း။
  • မုန်ညင်းစေ့ခန့် ကြုတ်အတွင်းသို့ ဝင်နိုင်ခြင်း။
  • ကိုယ်ကို အထက်ကောင်းကင်မှ လဝန်းပေါ်သကဲ့သို့ မြင်စေနိုင်ခြင်း။
  • အင်္ဂါရှစ်ပါးဖြင့် ပြည့်စုံသော အသံတော်ဖြင့် ဟောတော်မူသောတရားကို ပရိတ်သတ်အားလုံး ကြားစေနိုင်ခြင်း။
  • လူ၊ နတ်တို့၏စိတ်ကို သိသော အာသယာနုသယဉာဏ်တော်ရှိခြင်း။
  • ကျွတ်မည့်သူကိုသိသော မဟာကရုဏာ သမာပတ္တိဉာဏ်တော်ရှိခြင်း။
  • ဘယ်အချိန် ဘယ်အခါ ကျွတ်မည့် စသည်ဖြင့် သိနိုင်သော ဣန္ဒြိယပရောပရိယဉာဏ်တော်ရှိခြင်း။
  • သင်္ခါရတို့၌ သိသောဉာဏ်တော်ရှိခြင်း။
  • ဝိကာရတို့၌ သိသော ဉာဏ်တော်ရှိခြင်း။
  • လက္ခဏတို့၌ သိသောဉာဏ်တော်ရှိခြင်း။
  • နိဗ္ဗာန်၌ သိသော ဉာဏ်တော်ရှိခြင်း။
  • ပညတ်တို့၌ သိသော ဉာဏ်တော်ရှိခြင်း။