သမ္ပတ္တိတရား ၄ ပါး

သမ္ပတ္တိတရား ၄ ပါး
အကြောင်းတရား ၄ ပါး
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့၌ သဗ္ဗညုတ ဥာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး လောကအကြောင်းကို ဆင်ခြင်သုံးသပ်ရာ လောကတွင် အကျိုးပေးကောင်းရန်အတွက် အကြောင်းတရားကောင်းရန် လိုအပ်ကြောင်း၊ ထိုအကြောင်းတရားကောင်းများမှာ သမ္ပတ္တိစက် ၄ ပါးပင် ဖြစ်ကြောင်း ဟောကြားခဲ့သည်။ ယင်းလေးပါးမှာ-
၁။ ကာလသမ္ပတ္တိ – ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ္တိ – လူ့ဘဝ၊ နတ်ဘဝ ကဲ့သို့ ကောင်းသောဂတိနှင့်ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ္တိ – ခြေလက်အင်္ဂါ ညီညာပြည့်စုံ၍ ရုပ်ရည် ရူပကာ တင့်တယ်ခြင်း။
၄။ ပယောဂ သမ္ပတ္တိ – ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါး ဖြူစင်ကောင်းမွန်၍ အားထုတ်မှု လုံ့လရှိခြင်း တို့ဖြစ်ကြသည်။
အကြောင်းတရားသမ္ပတ္တိ ၄ ပါး ပြည့်စုံလျှင် ကောင်းသောအကျိုးတရားများကို ရရှိပါသည်။
(အင်္ဂုတ္ထိုရ် ပါဋိတော်၊ ပထမတွဲ-၃၄၁။)