ခက်ကြီး ၄-ပါး

(၁) စစ်‌ရေး မက်‌ရေး၊ ရန်သူ့‌ဘေး‌ကြောင့်၊ အ‌ပြေးအလွဲ၊ ‌ဆွေမျိုး ကွဲသား၊ ပြည်ထဲ‌ရေးရာ၊ ခက်သည်သာတည်း၊

(၂) အစားအစာ၊ ထွားထွား ဖြည့်‌ကြေ၊ ရှားပါး‌လေ၍၊ ‌သေ‌ကြေ‌ပျောက်စဲ၊ ငတ်မွတ်ကဲလျှင်၊ ပြည်ထဲ‌ရေးထက်၊ ဝမ်း‌ရေးခက်၏၊

(၃) ထို့ထက်မှမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊ မ‌ပေါင်းရဘဲ၊ လွမ်းတပူ‌ဆွေး၊ သူနှင့်‌ဝေး‌သော်၊ ပြည်ထဲ‌ရေးနှင့်၊ ဝမ်း‌ရေးတို့ထက်၊ လွမ်း‌ရေး ခက်၏၊

(၄) အထက်‌ဖော်ပြ၊ ခက်သုံးဝထက်၊ ခက်လှတစ်ပါး၊ ထိုအစားကား၊ မပါးထူထုံ၊ အလွန်နုံတ၊ ပမာဏကို၊ ဘာမျှမသိ၊ ထိုသူထည့်၍၊ မရှိတာထက်၊ မသိခက်သည်၊ ခက်ဘိတရား၊ မျိုး‌လေးပါးတည်း၊ ခက်ကြီး‌လေးပါး၊ ‌ကျော်‌ရှောင်လွှား၊ မမှားချမ်းသာရာ၊