ဥစ္စာပျက်ကြောင်း တရား ၆ ပါး

  • အရက်သေစာ သောက်စားမူးရစ်ခြင်း။
  • ညအခါ အလေအလွင့် ခရီးသွားလာခြင်း။(အခါမဲ့ အကြောင်းခြင်းရာ မခိုင်လုံပဲ)
  • ပွဲလမ်းသဘင်ကို အလွန်အကျွံ ပျော်ပါးလိုက်စားခြင်း။
  • အလောင်းအစား ဝါသနာကို အလွန်အကြူး ခုံမင်စွာ ပြုလုပ်ခြင်း။
  • မကောင်းသော မိတ်ဆွေဖျင်းများကို မိတ်ဆွေကောင်းသဖွယ် ပေါင်းသင်းဆက်ဆံ နေထိုင်ခြင်း။
  • မိမိတာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်လိုစိတ် မရှိသည့်အပြင် ပျင်းရိခြင်းကို ခုံမင် အရသာခံတတ်ခြင်း။

ဆရာတော် ဦးဗုဓ်၏ အလင်္ကာ

“သေစားသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း”