ကံ၏အကျိုး

စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ။

  • မိမိ၏ စိတ်စေတနာသည်သာလျှင် ကံဟူ၍ နားလည်ရမည်။ ဤကံကို မိမိသာ ပိုင်ဆိုင်သည်။
  • ကောင်းမှုပြုက ကောင်းကျိုးခံစားရသည်။
  • မကောင်းမှုပြုက မကောင်းကျိုးခံစားရသည်။
  • ကုသိုလ်၊ အကုသိုလ် နှစ်မျိုးလုံးသည် အချည်းနှီး ဟူ၍မရှိ။
  • ကုသိုလ်ကံကြောင့် ရရှိရမည်ဖြစ်ပြီး၊ အကုသိုလ်ကံကြောင့် ပေးဆပ်မှုလည်း ပြုရသည်။

( အင်္ဂုတ္ထိုရ်ပါဠိတော်၊ ဒုတိယတွဲ – ၃၆၃။)