မိန်းမ၊ ဣထိယတို့ ကြန်အင်

မိန်းမတို့၏အား ငါးမျိုး
……………………………
၁ – ရူပဗလ=အဆင်းအ‌င်္ဂါချော‌မွေ့လှပခြင်း။
၂ -‌ ဘောဂဗလ=ပစ္စည်းဥစ္စာနှင့်ပြည့်စုံခြင်း။
၃ – ဉာတိဗလ=‌ဆွေမျိုးနှင့်ပြည့်စုံခြင်း။
၄ – ပုတ္တဗလ=သားသမီးနှင့်ပြည့်စုံခြင်း။
၅ – သီလဗလ=သီလနှင့်ပြည့်စုံခြင်း။
(သဠာယတန သံယုတ်ပါဠိ‌တော် ဝိသာရဒသုတ်)

မိန်းမမြတ်တို့၏အကျင့်ငါးပါး
…………………………………………
၁ – လင်မထမီ ‌ရှေးဦးစွာထခြင်း။
၂ – လင်အိပ်ရာဝင်ပြီးမှ အိပ်ခြင်း။
၃ – မည်သည့်အမှုကိုလုပ်‌ဆောင်ရမည်နည်းဟု လင်၏စီရင်မှုကို‌စောင့်၍လုပ်ခြင်း။
၄ -‌ ရှေးဦးစွာပြုံး၍ ချစ်ဖွယ်‌သောစကားကို‌ပြောဆိုခြင်း။
၅ – နှစ်သက်ဖွယ်အကျင့် အမြဲရှိခြင်း။

မိန်းမတို့၏ ‌အပြစ်
………………………………………
၁ – အာဟာရ‌လောလတာ=အစားအ‌သောက်၌ လျှပ်‌ပေါ်‌လော်လည်ခြင်း။
၂ – အလင်္ကာရ‌လောလတာ=အဝတ်တန်ဆာ၌ လျှပ်‌ပေါ်‌လော်လည်ခြင်း။
၃ – ပရပုရိသ‌လောလတာ=အခြား‌ယောက်ျား၌ (အနည်းဆုံး စိတ်ဖြင့်ပင်)နှစ်သက်တတ်ခြင်းဟူ‌သော လျှပ်‌ပေါ်‌လော်လည်ခြင်း။
၄ – ဓန‌လောလတာ=ပစ္စည်းဥစ္စာ၌လျှပ်‌ပေါ်‌လော်လည်ခြင်း။
၅ – ပါဒ‌လောလတာ=ဟိုဟိုဒီဒီသွားလာမှု၌လျှပ်‌ပေါ်‌လော်လည်ခြင်း။
(သုတ္တပါဠိ)

၆ – အသုစိ=မစင်ကြယ်ခြင်း။
၇ – ဒုဂ္ဂန္ဓ=မ‌ကောင်း‌သောအနံ့ရှိခြင်း။
၈ – သဘီရူ=အအိပ်ကြီးခြင်း။
၉ – သပ္ပဋိဘယ=‌ကြောက်လန့်ခြင်း။
၁၀ – မိတ္တဒုဗ္ဘိ=မိတ်ပျက်လွယ်တတ်ခြင်း။
၁၁ -‌ ကောဓန=အမျက်ထွက်ခြင်း။
၁၂ – ဥပနာဟ=ရန်ငြိုးဖွဲ့တတ်ခြင်း။
၁၃ – ‌ဃောရဝိသ=ရာဂစိတ်ပြင်းထန်ခြင်း။
၁၄ – ဒုဇိဝှ=ပိသုဏဝါစာကို‌ပြောခြင်း။
၁၁၅ – မိတ္တဒုဗ္ဘိ=မိတ်ပျက်လွယ်တတ်ခြင်း။
(ကဏှသုတ် ပ-ဒု ပဥ္စက အင်္ဂုတ္တိုရ်ပါဠိ)