သီချင်းအသံဖြင့်တရား‌ဟော‌သော ရဟန်းအပြစ် ငါးပါး

၁ – မိမိကိုယ်တိုင်လည်း ထိုအသံကိုစွဲမက်၏။
၂ – သူတစ်ပါးကိုလည်း ထိုအသံ၌ စွဲမက်‌စေကုန်၏။
၃ – ရဟန်းတို့လည်းသီချင်းဆိုကုန်၏ဟု လူဒါယကာတို့ကဲ့ရဲ့ကုန်၏။
၄ – အသံပြုပြင်ရခြင်း‌ကြောင့် ရဟန်းသမာဓိပျက်၏။
၅ -‌ နောင်လာ‌နောက်သားများ ယင်းအတုကိုလိုက်ခြင်းပြု၏။
(ပဥ္စကအင်္ဂုတ္တိုရ် ၁-ကိမိလဝဂ် ၉-ဂီတဿရသုတ်)