အနာဂါမ်ပုဂ္ဂိုလ်ငါးမျိုး

၁ – သုဒ္ဓါဝါသငါးဘုံတွင် မိမိ‌ရောက်ရာဘုံ၏အသက်အပိုင်းအခြား ‌ရှေ့ထက်ဝက်တွင် ရဟန္တာဖြစ်‌သော အနာဂါမ်။
၂ – သုဒ္ဓါဝါသငါးဘုံတွင် မိမိ‌ရောက်ရာဘုံ၏အသက်ထက်ဝက်ကို လွန်ပြီးမှ ရဟန္တာဖြစ်‌သော အနာဂါမ်။
၃ – ဆင်းဆင်းရဲရဲအလွန်လုံ့လမပြုဘဲ ကိ‌လေသ ပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြု‌သော အနာဂါမ်။
၄ – ဆင်းဆင်းရဲရဲ ငြိုငြင်ပင်ပန်းစွာ အလွန်လုံ့လပြုပြီးမှ ကိ‌လေသပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြု‌သော အနာဂါမ်။
၅ – သုဒ္ဓါဝါသငါးဘုံတို့တွင် ‌အောက်‌အောက်‌သောဘုံတို့၌ အရဟတ္တမဂ်ကိုမရမူ၍ အထက်ဆုံး အကနိဋ္ဌဘုံသို့‌ရောက်မှ ရဟန္တာဖြစ်‌သော အနာဂါမ်။