အရှင်လတ်လတ်‌မြေမျိုသူငါး‌ယောက်

၁ – သုပ္ပဗုဒ္ဓမင်း=ဘုရားဆွမ်းခံကြွရာလမ်း၌ မဖယ်‌ပေး၍ ကပိလဝတ်ပြည်၌ ‌မြေမျိုခြင်း။
၂ – သုပ္ပဗုဒ္ဓမင်း၏သား ‌ဒေဝဒတ်=ဘုရားကိုအမျိုးမျိုးပြစ်မှား၍ သာဝတ္ထိပြည်‌ရေကန်၏အနီး၌ ‌မြေမျိုခြင်း။
၃ – စိဉ်စမာဏဝိကာ=ဘုရားကို ကိုယ်ဝန်ဖြင့်စွပ်စွဲ၍ ‌ဇေတဝန်‌ကျောင်း‌တော်အနီး၌ ‌မြေမျိုခြင်း။
၄ – နန္ဒသတို့သား=ဥပ္ပလဝဏ်ရဟန္တာမကို ‌တော‌ကျောင်း၌ ‌မေထုန်မှုပြုကျင့်၍ ‌မြေမျိုခြင်း။
၅ – နန္ဒကဘီလူး=ရှင်သာရိပုတ္တရာမ‌ထေရ်ကို ဂိဇ္ဈကုဋ်‌တောင်၌ တရားထိုင်‌နေစဉ် ဦး‌ခေါင်းကိုပုတ်၍ ‌မြေမျိုခြင်း။