အရဟံဂုဏ်‌တော် ငါးချက်

၁ – အာရကတ္တာ = ကိ‌လေသာတို့မှ ‌ဝေး‌တော်မူ‌သော‌ကြောင့် အရဟမည်၏။
၂ – ပစ္စယာဒီနံ အရဟတ္တာပိ = လူသုံးပါးတို့၏ ပစ္စည်း‌လေးပါး စ‌သော ပူ‌ဇော်အထူးကို ခံထိုက်သည်၏အဖြစ်‌ကြောင့် အရဟ မည်၏။
၃ – နတ္ထိ ရ‌ဟော ဧတဿာတိ = ဆိတ်ကွယ်ရာအရပ်၌ မ‌ကောင်းမှုပြုခြင်း မရှိ‌သော‌ကြောင့် အရဟ မည်၏။
၄ – အရီနံ ဟတတ္တာပိ = ကိ‌လေသာတည်းဟူ‌သော ရန်သူကို သတ်အပ်သည်၏အဖြစ်‌ကြောင့် အရဟ မည်၏။
၅ – အရာနံ ဟတတ္တာပိ = သံသရာစက်တို့၏အကန့်တို့ကို ဖျက်ဆီးတတ်သည်၏အဖြစ်‌ကြောင့် အရဟမည်၏။(မူကွဲရှိ၏။)