အဘိညာဥ်ခြောက်ပါး

၁။ ဣဒ္ဓိဝိဓံ – မြေလျှိုးခြင်း၊ မိုးပျံခြင်း အစရှိသည်ဖြင့် အထူးထူး အပြားပြား တန်ခိုးဖန်ဆင်းခြင်းငှာ စွမ်းနိုင်သော ဣဒ္ဓိဝိဓ အဘိညဥ်၊
၂။ ဒိဗ္ဗသောတံ – နတ်တို့ကဲ့သို့ ဝေးသောအသံ၊ တိုးသောအသံကို ကြားနိုင်သော အဘိညာဥ်၊
၃။ ပရစိတ္တဝိဇာနနာ – သူများ၏ စိတ်အကြံကို သိနိုင်သော အဘိညာဥ်၊
၄။ ပုဗ္ဗေတိဝါသနုဿတိ – ရှေးရှေးဘဝ၌ ဖြစ်ခဲ့သမျှ အကြောင်းကို အောက်မေ့နိုင်သော အဘိညာဥ်၊
၅။ ဒိဗ္ဗစက္ခု – နတ်မျက်စိကဲ့သို့ ဝေးသော အဆင်း၊ ဖုံးကွယ်သော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော အဘိညာဥ်၊
၆။ အသဝက္ခယံ – အာသဝေါတရား လေးပါးတို့၏ ကုန်ရာဖြစ်သော အာသဝက္ခယ အဘိညာဥ်၊