ပုဂ္ဂိုလ်အမျိုးမျိုး

၁။ ပရိယတ္တိ ဗဟုလပုဂ္ဂိုလ် – သင်အံလေ့ကျင့်မှု များသောပုဂ္ဂိုလ်။
၂။ ပညတ္တိဗဟုလပုဂ္ဂိုလ် – ဟောပြောမှုများသောပုဂ္ဂိုလ်။
၃။ သဇ္စျာယဗဟုလပုဂ္ဂိုလ် – ရွတ်ဖတ်သရဇ္စျာယ်ခြင်း များသောပုဂ္ဂိုလ်။
၄။ ဝိတက္ကဗဟုလ ပုဂ္ဂိုလ် – ကြံစည်ခြင်းများသောပုဂ္ဂိုလ်။
၅။ ဓမ္မဝိဟာရီ ပုဂ္ဂိုလ် – တရားအလုပ် လုပ်သောပုဂ္ဂိုလ်။
တနည်း
၁။ ပိဋကသာတတ်လျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်။
၂။ ပိဋကမတတ်ဘဲနှင့် အမှန်တရားကို သိသော ပုဂ္ဂိုလ်။
၃။ ပိဋကလည်းတတ် အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်။
၄။ ပိဋကလည်းမတတ် အမှန်တရားလည်း မသိသော ပုဂ္ဂိုလ်။
(ပုဂ္ဂလပညတ် နှင့် စတုက္က အင်္ဂုတ္တိုရ်)
တနည်း
၁။ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်။
၂။ ကြည်ညိုဖွယ်မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်။
၃။ ကြည်ညိုဖွယ်လည်း မရှိ အမှန်တရားလည်း မသိသော ပုဂ္ဂိုလ်။
၄။ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်။
(ပုဂ္ဂလပညတ် နှင့် စတုက္က အင်္ဂုတ္တိုရ်)