အနာဂါမ် ပယ်သော ကိလေသာ

သံယောဇဥ်ဆယ်ပါးတွင် ကာမရာဂ သံယောဇဥ်၊ ပဋိဃ သံယောဇဥ် နှစ်ပါးကို အကြွင်းမဲ့ပယ်သည်။

ကိလေသာဆယ်ပါးတွင် ဒေါသကို အကြွင်းမဲ့ ပယ်သည်။

ဝိပလ္လာသဆယ့်နှစ်ပါးတွင် အသုဘကို သုဘယူသော သညာဝိပလ္လာသ၊ စိတ္တဝိပလ္လာသ နှစ်ပါးကို အကြွင်းမဲ့ပယ်သည်။

အနုသယ ခုနှစ်ပါးတွင် ကာမရာဂ နုသယနှင့် ပဋိဃ နုသယကို အကြွင်းမဲ့ပယ်သည်။