သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သော အကုသိုလ်တရားများ

သောတာပတ္တိမဂ်သည် သံယောဇဥ်ဆယ်ပါးတွင် သက္ကာယဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ၊ ဝိစိကိစ္ဆာသုံးပါးသော သံယောဇဥ်တို့ကို အကြွင်းမဲ့အားဖြင့် ပယ်နိုင်သည်။

ကိလေသာတွင် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိလေသာကို ပယ်နိုင်ပေသည်။

ဝိပလ္လာသ တစ်ဆယ့်နှစ်ပါးတွင် အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တဟု သညာဝိပလ္လာသ၊ စိတ္တ ဝိပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလာသခြောက်ပါး၊ ဒုက္ခကို သုခ၊ အသုဘကကို သုဘယူသော ဒိဋ္ဌိဝိပလ္လာသ နှစ်ပါး၊ ပေါင်း ၈ ပါးကိုပယ်သည်။

အနုသယ ခုနှစ်ပါးတို့တွင် ဒိဋ္ဌိနုသယနှင့် ဝိစိကိစ္ဆာနုသယ နှစ်ပါးကို ပယ်သည်။