အရှင် ဝါယမ (စံကျောင်း ဆရာ‌တော်)

ဆရာတော်ကို ၁၂၉၅ ခု၊ တပေါငိးလဆန်း (၁၀) ရက်နေ့တွင် ပဲခူးမြို့နယ်၊ ကျောက်တန်းကျေးရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လှေသူကြီး ဦးအောင်လှ၊ ဒေါ်အောင်မြတ် တို့ဖြစ်ကြသည်။

ခုနှစ်နှစ်သားအရွယ်တွင် ကျေးရွာဘုန်းကြီးကျောင်းတွင် ပညာသင်ကြား၍ ၁၄ နှစ်သားအရွယ်မှ ၁၇ နှစ်သားအရွယ်အထိ ရန်ကုန်မြို့ ပုစွန်တောင် အစိုရ အထက်တန်းကျောင်းတွင် ပညာသင်ကြားသည်။ ထို့နောက် ရွာသို့ပြန်၍ သာမနေဝတ်ခဲ့သည်။ ဘွဲ့အမည်မှာ ရှင်ဝါယမ ဖြစ်သည်။ ရန်ကုန်မြို့ ကျောင်းတော်ရာ ရွှေကျင်တိုက် သီပေါမင်း၏ နောက်ဆုံးရာဇဂုရုတံဆိပ်ကပ်ခံ ကျောင်းတော်ရာ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးနှင့် ယွန်းကျောင်း ဆရာတော် ဦးဇောတ ထံတွင် ပညာဆးပူးသည်။

စံကျောင်းဆရာတော်သည် ကျောင်းတော်ရာ ရွှေကျင်တိုက်၌ နေစဥ် ရဟန်းလေးဝါမှစ၍ စာပေပို့ချခဲ့သည်။ ၁၂၆၅ ခုနှစ်တွင် ဘုန်းတော်ကြီး ဦးသီလ၊ မဟာဝိသုဒ္ဓါရုံ၊ ရွှေကျင် ဆရာတော် ဘုရားကြီး စသော မထေရ်မြတ် ၆ ပါးတို့ ရွှေဟင်္သာတောရကျောင်းတိုက်ကို တည်ထောင်သောအခါ ခေါင်းဆောင်စာချ ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ပါဋိ၊ အဋ္ဌကထာ၊ ဋီကာ၊ ဂန္ထန္ထရတို့အပြင် သက္ကတကျမ်းများကိုလည်း ပို့ချခဲ့သည်။ ကာဗျဒဿ၊ သုန္ဒရာနန္ဒ၊ ဗုဒ္ဓစရိတ စသည်တို့ ဖြစ်သည်။ ဆရာတော်ထံ သက္ကတစာပေ သင်ယူခဲ့သော ပုဂ္ဂိုလ်များမှာ အဘိဓဇ ရွှေဟင်္သာ ဆရာတော် ဘုရားကြီး၊ အဂ္ဂမဟာ ပဏ္ဍိတ မန်းဦးဆရာတော် အရှင်ဇောတ၊ အဘိဓဇ စတုတ္ထစံကျောင်း ဆရာတော် ဦးဝိမလ၊ အဘိဓဇ သီရိမန္တ ဆရာတော် အရှင်ရာဇိန္နာဘိဝံသ၊ ဆရာကြီး ဦးအုန်းရွှေ ( အရှင်အာလောက်) စသည်တို့ဖြစ်သည်။ သက်တော် ၄၀ မှစ၍ စာပေကျမ်းဂန်‌ရေးသားခြင်းကို အပတ်တကုတ် ပြုလုပ်ခဲ့သည်။ ကျမ်းပေါင်း ၂၂ ကျမ်းကို ပြုစုခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၀၉ ခုနှစ်၊ ဝါခေါင်လဆုတ် ၁ ရက်နေ့ သက်တော် ၈၄ ဝါတော် ၅၄ တွင် ပျံလွန်တော်မူခဲ့သည်။

အောင်ကြည်ညွန့် (တက္ကသိုလ်)

ကျမ်းကိုး။ ။ကံဉာဏ်ဝိရိယအကျယ် လက်စွဲကျမ်း

ဆရာကြီး ဦးအောင်ထွတ်( ဓမ္မာစရိယ မဟာဝိဇ္ဇာ၏ အမှာစာ)