မတင်းတိမ်ကောင်းသော တရားငါးပါး

  • သီလဝယ် လုံခြုံသည်ဟု တင်းတိမ်နေရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်။
  • ဗဟုသုတဝယ် ပြည့်စုံသည်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်။
  • သမာဓိဝယ် တည်ကြည်သည်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်။
  • ဆိတ်ငြိမ်ရာဝယ် နေနိုင်တယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်း မနေနှင့်။
  • အနာဂါမ်ဝယ် တည်ပြီဟု တင်းတိမ်ရုံမျှမနေရ၊ စိတ်ချ၍လည်း မနေနှင့်။