လက္ခဏာ သုံးပါး

  • ဖြစ်ဆဲရုပ်နာမ်ကို သဘာဝလက္ခဏာ ခေါ်သည်။
  • ဖြစ်ဆဲရုပ်နာမ်၏ ဥပါဒ်၊ ဌီ၊ ဘင်ကို သင်္ခတလက္ခဏဟုခေါ်သည်။
  • ဖြစ်ဆဲ ရုပ်၊ နာမ်၊ ဥပါဒ်၊ ဌီ၊ ဘင်၏ မမြဲဟုမှတ်စရာ၊ ဖောက်ပြန်ပျက်စီးသော အခြင်းအရာ၊ ဆင်းရဲဟု မှတ်စရာ၊ နှိပ်စက်သော အခြင်းအရာ၊ အစိုးမရ အလိုသို့မလိုက်ဟု မှတ်စရာသည် သာမည လက္ခဏာမည်၏။ ဖြစ်ဆဲ ရုပ်၊ နာမ် ဉာဏ်မှာထင်လျှင် သဘာဝလက္ခဏာ ထင်တော့သည်။ သဘာဝလက္ခဏာ ဉာဏ်မှာထင်လျှင် သင်္ခတလက္ခဏာ ထင်တော့သည်။ သင်္ခတလက္ခဏာဉာဏ်မှာထင်လျှင် သာမညလက္ခဏာ ထင်တော့၏။ သာမည လက္ခဏာ ဉာဏ်မှာထင်လျှင် ဗလဝ ဝပဿနာ မှန်စွာဖြစ်တော့သည်။ ဗလဝိပဿနာ မှန်စွာဖြစ်လျှင် မဂ်ဖိုလ်ဧကန်ရတော့သည်။