သမ္မပ္ပဓာန်တရား လေးပါး

မဖြစ်ပေါ်သေးသော အကုသိုလ် တရားတို့ကို မဖြစ်ပေါ်စေခြင်းငှာ အားထုတ်ခြင်း၊ ဖြစ်ပေါ်ပြီးသော အကုသိုလ် တရားတို့ကို ပယ်ဖျောက်ခြင်းငှာ အားထုတ်ခြင်း၊ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေခြင်းငှာ အားထုတ်ခြင်း၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို ခိုင်ခံပွားများစေခြင်းငှာ အားထုတ်ခြင်း ဟူ၍ ၄ ပါးရှိ၏။

ကိစ္စလေးပါးရှိ၍ လေးပါးပြားသည်။ သရုပ်တရားကိုယ်မှာ သမ္မာဝါယာမာခေါ် ဝီရိယတစ်ပါးပင်ဖြစ်သည်။