ဣန္ဒြေ နှစ်ဆယ့်နှစ်ပါး

  • စက္ခုန္ဒြေ၊
  • သောတိန္ဒြေ၊
  • ဃာနိန္ဒြေ၊
  • ဇိဝှိန္ဒြေ၊
  • ကာယိန္ဒြေ၊
  • ဣတ္ထိန္ဒြေ၊
  • ပုရိသန္ဒြေ၊
  • ဇီဝိတိန္ဒြေ၊
  • မနိန္ဒြေ၊
  • သုခိန္ဒြေ၊
  • ဒုက္ခိန္ဒြေ၊
  • သောမနဿိန္ဒြေ၊
  • ဒေါမနဿိန္ဒြေ၊
  • ဥပေက္ခိန္ဒြေ၊
  • သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊
  • သတိန္ဒြေ၊
  • သမာဓိန္ဒြေ၊
  • ပညိန္ဒြေ၊
  • အနုညာတညဿာမိတိန္ဒြေ၊
  • အညိန္ဒြေ၊
  • အညာတာဝိန္ဒြေ ဟူ၍ ၂၂ ပါးရှိ၏။

သောတာပတ္တိမဂ်ဥာဏ်ကို အုညာတညဿမိတိန္ဒြေဟု ခေါ်သည်။ အရဟတ္တဖိုလ်ဥာဏ်ကို အညာတာဝိန္ဒြေ ဟုခေါ်သည်။ အလယ်မဂ်ဥာဏ်ဖိုလ်ဥာဏ် ခြောက်ပါးကို အညိန္ဒြေ ဟုခေါ်သည်။

တရားကိုယ်သရုပ်မှာ ပသာဒရုပ် ၅ ခု၊ ဘာဝရုပ် ၂ ခု၊ ဇီဝိတရုပ်၊ နာမ်ဇီဝိတန္ဒြေ၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူ၍ ၁၆ ပါးရှိ၏။

ဤ ၁၆ ပါးသော တရားတို့ကို မိမိတို့ဆိုင်ရာ ကိစ္စတို့၌ အစိုးရမှု ရှိကြသောကြောင့် ဣန္ဒြေတရားဟု ခေါ်သည်။
(၁) မြင်မှု၌ အစိုးရသည့် မျက်စိအကြည် (စက္ခုပသာဒ) စက္ခုန္ဒြေ၊
(၂) ကြားမှု၌ အစိုးရသည့် နားအကြည် (သောတပသာဒ) သောတိန္ဒြေ၊
(၃) နံမှု၌ အစိုးရသည့် နှာခေါင်းအကြည် (ဃာနပသာဒ) ဃာနိန္ဒြေ၊
(၄) လျက်မှု၌ အစိုးရသည့် လျှာအကြည် (ဇိဝှါပသာဒ) ဇိဝှိန္ဒြေ၊
(၅) ထိမှု၌ အစိုးရသည့် ကိုယ်အကြည် (ကာယပသာဒ) ကာယိန္ဒြေ၊
(၆) သိမှု၌ အစိုးရသည့် (စိတ် ၈၉-ခု) မနိန္ဒြေ၊
(၇) မိန်းမ (အမ) ဖြစ်ကြောင်း၌ အစိုးရသည့် (ဣတ္ထိဘာဝရုပ်) ဣတ္ထိန္ဒြေ၊
(၈) ယောကျ်ား (အထီး အဖို) ဖြစ်ကြောင်း၌ အစိုးရသည့် (ပုမ္ဘာဝရုပ်) ပုရိသိန္ဒြေ၊
(၉) ရုပ်နာမ်နှစ်ပါးအသက်ရှင်မှု၌ အစိုးရသည့် (ရုပ်ဇီဝိတ, နာမ်ဇီဝိတ) ဇီဝိတိန္ဒြေ၊
(၁ဝ) ကိုယ်ချမ်းသာ ခံစားမှု၌ အစိုးရသည့် (သုခဝေဒနာ) သုခိန္ဒြေ၊
(၁၁) ကိုယ်ဆင်းရဲ ခံစားမှု၌ အစိုးရသည့် (ဒုက္ခဝေဒနာ) ဒုက္ခိန္ဒြေ၊
(၁၂) စိတ်ချမ်းသာမှု၌ အစိုးရသည့် (သောမနဿဝေဒနာ) သောမနဿိန္ဒြေ၊
(၁၃) စိတ်ဆင်းရဲမှု၌ အစိုးရသည့် (ဒေါမနဿဝေဒနာ) ဒေါမနဿိန္ဒြေ၊
(၁၄) ဆင်းရဲ ချမ်းသာ မဟုတ်သည့် ခံစားမှု၌ အစိုးရသည့်
(ဥပေက္ခာဝေဒနာ) ဥပေက္ခိန္ဒြေ၊
(၁၅) ယုံကြည်မှု၌ အစိုးရသည့် (သဒ္ဓါစေတသိက်) သဒ္ဓိန္ဒြေ၊
(၁၆) ကြိုးစားမှု၌ အစိုးရသည့် (ဝီရိယစေတသိက်) ဝီရိယိန္ဒြေ၊
(၁၇) အောက်မေ့မှု၌ အစိုးရသည့် (သတိစေတသိက်) သတိန္ဒြေ၊
(၁၈) တည်ကြည်မှု၌ အစိုးရသည့် (ဧကဂ္ဂတာစေတသိက်) သမာဓိန္ဒြေ၊
(၁၉) ခွဲခြမ်းဝေဖန်၍ သိမှု၌ အစိုးရသည့် (လောကီပညာစေတသိက်) ပညိန္ဒြေ၊
(၂ဝ) မသိဖူးသေးသည့် သစ္စာတရားတို့ကို ထိုးထွင်းသိမှု၌ အစိုးရသည့် (သောတာပတ္တိမဂ္ဂပညာ) အနညာတညဿာမီတိန္ဒြေ၊
(၂၁) သိပြီးသော သစ္စာတရားတို့ကို ထပ်၍ သိမှု၌ အစိုးရသည့် (အလယ်လောကုတ္တရာ ပညာခြောက်ပါး) အညိန္ဒြေ၊
(၂၂) ရဟန္တာပုဂ္ဂိုလ်၏ သစ္စာတရားတို့ကို သိမှု၌ အစိုးရသည့် (အရဟတ္တဖိုလ်ပညာ) အညာတာဝိန္ဒြေတို့တည်း။
ဣန္ဒြေ ၂၂-ပါး၊ ဣန္ဒြိယဝိဘင်း၊ ဝိဘင်းပါဠိတော်။