ဂန္ထတရားလေးပါး

  • အဘိဇ္စျာကာယဂန္ထ၊
  • ဗျာပါဒကာဂန္ထ၊
  • သီလဗ္ဗတပရာမာသကာယ ဂန္ထ၊
  • ဣဒံသစ္စာဘိနိဝေသကာယဂန္ထ ဟူ၍ လေးပါးရှိ၏။

တဏှာလောဘကို အဘိဇ္စျာ ကာယဂန္ထ ဟုခေါ်သည်။

အမျက်ဒေါသကို ဗျာပါဒကာယဂန္ထဟုခေါ်သည်။

နွားနှင့်တူအောင်ကျင့်သော နွားအကျင့်၊ ခွေးနှင့်တူအောင် ကျင့်သော ခွေးအကျင့်၊ ကိလေသာ ကုန်ခမ်းစေခြင်းငှါ မီးလှုံ၊ ကိလေသာ အညစ်အကြေး စင်ကြယ်စေခြင်းငှါ ရေငုပ်စသော အလေ့အကျင့်များကို သီလဗ္ဗတပရာမာသကာယဂန္ထ ဟုခေါ်သည်။

ငါ၏ အယူသာလျှင်မှန်၏။ သူတပါး၏ အယူအကျင့်နည်း မှား၏ ဟုပြင်းထန်စွာ စွဲယူမှတ်ကာ အောက်မေ့နှလုံးသွင်းသော မိစ္ဆာဒိဋ္ဌိကို ဣဒံသစ္စာဘိနိဝေသကာယဂန္ထဟု ခေါ်သည်။