ဗုဒ္ဓခြေတော်ရာ

မြတ်စွာဘုရားရှင်၏ ခြေဖဝါးတော်၌ (၁၀၈) ကွက်သော စက်လက္ခရာ မင်္ဂလာအမှတ်အသားတို့ ပါရှိကုန်၏။ ထိုလက္ခဏာတို့သည် လောကသုံးပါးကို ပုံဖော်၍ တည်ကုန်၏။ ထိုလက္ခဏာတို့တွင် သြကာသလောကကို ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၅၈) ကွက်၊

· သတ္တလောကကို ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၂၂) ကွက်၊

· သင်္ခါရလောကကို ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၂၈) ကွက် ပါရှိ၏။

ထို့အပြင်

· လူလောက၊ တိရစ္ဆာန်လောကကို ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၈၁) ကွက်၊

· နတ်လောကကို ပေါ်လွင်စေသော ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၁၀) ကွက်၊

· ဗြဟ္မာလောကကို ပေါ်လွှင်ထင်ရှားစေသော မင်္ဂလာ အမှတ်အသား (၁၇) ကွက်တို့ တည်ရှိ၏။

ဆိုလိုရင်းကား လောကသုံးပါးသည် မြတ်စွာဘုရားရှင်၏ ခြေဖဝါးတော်အောက်၌ ရောကိရှိနေ၏။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်ဟု ဆိုလိုသည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားငယ်သည် ဖွားတော်မူခါစနေ့၌ပင် ကမ္ဘာလောက အနန္တကို ကြည့်ရှု၍ မိမိထက်သာလွန်သူ မိမိနှင့် တန်းတူ ပုဂ္ဂိုလ်တို့ကို မတွေ့ရသဖြင့် ” အဂ္ဂေါဟ မသ္မိ လောကဿ – ငါသည် လောက (၃) ပါးထက် အမြတ်ဆုံး ဖြစ်၏” စသော ရဲရဲသောက် စကားကြီး (၃) ခွန်းကို ပြောဆိုခြင်းဖြစ်သည်။