ဂုဏ်တော်ကွန်ချာ

ဂုဏ်တော်ကွန်ချာ ဂါထာပါဠိ/အနက်
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။

၁။သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။
သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံမည်တော်မူပါပေ၏။
သောဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန်အမှန်မလွဲ၊ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သရဏံ ကိုးကွယ်အားထားရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပူဇော်ပါ၏။
အရဟန္တံ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို သိရသာ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် နမာမိ ရှိခိုးကန်တော့ပါ၏။
ပထမော ရှေးဦးစွာသော ဝဇိရပါကာရော အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ ဤသို့ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော အကြောင်းကြောင့်လည်း။ အရဟံ အရဟံ မည်တော်မူပါပေ၏။

၂။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သမ္မာသမ္ဗုဒ္ဓေါ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သမ္မာသမ္ဗုဒ္ဓံ၊ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ တရားအလုံးစုံကို အကုန်အစင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။

၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
တတိယော၊ သုံးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါး ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။

၄။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သုဂတော၊ နိဗ္ဗာန်သို့ သွားတော်မူတတ်ပါပေ၏။ (တစ်နည်း) သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သုဂတံ၊ နိဗ္ဗာန်သို့ သွားတော်မူတတ်သော။ (တစ်နည်း) ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
စတုတ္ထော။ လေးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နိဗ္ဗာန်သို့ သွားတော်မူတတ်သော အကြောင်းကြေင့်လည်း။ သုဂတော၊ သုဂတမည်တော်မူပါပေ၏။(တစ်နည်း) ဣတိပိ၊ ဤသို့ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း၊ သုဂတော၊ သုဂတမည်တော်မူပါပေ၏။

၅။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ လောကဝိဒူ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်ပါပေ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
လောကဝိဒုံ၊ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွားဘုရားကို (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ပဉ္စမော၊ ငါးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ကာမလောက၊ ရူပလောက၊ အရူပလောကတည်းဟူသော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြေင့်လည်း။ (တစ်နည်း) ဣတိပိ၊ ဤသို့ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း၊ လောကဝိဒူ၊ လောကဝိဒူ မည်တော်မူပါပေ၏။

၆။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ အနုတ္တရောပုရိသဒမ္မသာရထိ၊ ဆုံးမတော်မူရာ၌အတုမရှိ မြတ်တော်မူပါပေ၏။
အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
အနုတ္တရောပုရိသဒမ္မသာရထိ ံ၊ ဆုံးမတော်မူရာ၌ အတုမရှိမြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
ဆဋ္ဌမော၊ ခြောက်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဆုံးမတော်မူရာ၌အတုမရှိမြတ်တော်မူသော အကြောင်းကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ၊ အနုတ္တရောပုရိသဒမ္မ မည်တော်မူပါပေ၏။

၇။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။
သော ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူပါပေ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
သတ္ထာဒေဝမနုဿာနံ၊ နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
သတ္တမော၊ ခုနှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ နတ်၊ လူတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော အကြောင်းကြောင့်လည်း။ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာန မည်တော်မူပါပေ၏။

၈။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဗုဒ္ဓေါ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်ပါပေ၏။
ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဗုဒ္ဓံ၊ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
အဋ္ဌမော၊ ရှစ်ခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ သစ္စာလေးပါး တရားတို့ကို မိမိကိုယ်တော်တိုင်လည်းသိ၊ သတ္တဝါအများတို့အားလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူပါပေ၏။

၉။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ဘဂဝန္တံ သိရသာ နမာမိ၊နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။
ဘဂဝါ၊ ထို ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဝတ၊ စင်စစ် ဧကန် အမှန်မလွဲး။ ဘဂဝါ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူပါပေ၏။
ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာ အားထားရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပူဇော်ပါ၏။
ဘဂဝန္တံ၊ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရားကို။ သိရသာ၊ ဦးခေါင်းရ တနာ မြတ်အင်္ဂါဖြင့်။ နမာမိ၊ ရှိခိုးကန်တော့ပါ၏။
နဝမော၊ ကိုးခုမြောက်သော။ ဝဇိရပါကာရော၊ အစွမ်းထက်မြတ် ဂုဏ်တော်ဓမ္မစက်ဖြင့် အကာအရံပြုခြင်းပါပေတည်း။
သော ဘဂဝါ၊ ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ၊ ဤသို့ ဘုန်းတော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူပါပေ၏။

၁၀။သော ဘဂဝါ ဣတိပိ လောကဝိဒူ၊ လောကဝိဒူ ဝတ သော ဘဂဝါ၊ လောကဝိဒုံ သရဏံ ဂစ္ဆာမိ၊လောကဝိဒုံ သိရသာ နမာမိ၊ ပဉ္စမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ လောကဝိဒူ။အပိုဒ်(၅) လောကဝိဒူ နှင့်တူ၏။

၁၁။သော ဘဂဝါ ဣတိပိ သုဂတော၊ သုဂတော ဝတ သော ဘဂဝါ၊ သုဂတံ သရဏံ ဂစ္ဆာမိ၊သုဂတံ သိရသာ နမာမိ၊ စတုတ္ထော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သုဂတော။

အပိုဒ်(၄) သုဂတောနှင့်တူ၏။

၁၂။သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊အနုတ္တရော ပုရိသ ဒမ္မသာရထိ ဝတ သော ဘဂဝါ၊အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊ အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊ဆဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

အပိုဒ်(၆) အနုတ္တရောပုရိသဒမ္မသာရထိနှင့်တူ၏။
၁၃။သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော၊ဝိဇ္ဇာစရဏသမ္ပန္နော ဝတ သော ဘဂဝါ၊ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊ ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊တတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော။
အပိုဒ်(၃) ဝိဇ္ဇာစရဏသမ္ပန္နော နှင့်တူ၏။

၁၄။သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ၊သတ္ထာ ဒေဝမနုဿာနံ ဝတ သော ဘဂဝါ၊သတ္ထာရံ ဒေဝမနုဿာနံ သရဏံ ဂစ္ဆာမိ၊ သတ္ထာရံ ဒေဝမနုဿာနံ သိရသာ နမာမိ၊သတ္တမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သတ္ထာ ဒေဝမနုဿာနံ။
အပိုဒ်(၇) သတ္ထာဒေဝမနုဿာနံနှင့်တူ၏

၁၅။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊ ဒုတိယော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။
အပိုဒ်(၂) သမ္မာသမ္ဗုဒ္ဓနှင့်တူ၏။

၁၆။သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ၊ ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဗုဒ္ဓံ သိရသာ နမာမိ၊ အဋ္ဌမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
အပိုဒ်(၈) ဘဂဝါနှင့်တူ၏။
၁၇။
သော ဘဂဝါ ဣတိပိ အရဟံ၊ အရဟံ ဝတ သော ဘဂဝါ၊ အရဟန္တံ သရဏံ ဂစ္ဆာမိ၊အရဟန္တံ သိရသာ နမာမိ၊ပထမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ အရဟံ။
အပိုဒ်(၁) အရဟံနှင့်တူ၏။

၁၈။သော ဘဂဝါ ဣတိပိ ဘဂဝါ၊ ဘဂဝါ ဝတ သော ဘဂဝါ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ၊ဘဂဝန္တံ သိရသာ နမာမိ၊နဝမော ဝဇီရပါကာရော၊ သော ဘဂဝါ ဣတိပိ ဘဂဝါ။
အပိုဒ်(၉) ဘဂဝါနှင့်တူ၏။

ဂုဏ်တော်ကွန်ချာပြီး၏။