Category: Part08

  • မိန်းမများ၏‌ ကောင်းခြင်းငါးဖြာ

    ၁ – အသား၏‌ကောင်းခြင်း။(လက်ဖဝါး ‌ခြေဖဝါး နှုတ်ခမ်း) ၂ – အ‌ရေ၏‌ကောင်းခြင်း။ ၃ – အ‌ကြော၏‌ကောင်းခြင်း။(လက်သည်း‌ခြေသည်းကိုဆို၏။ ဆံပင်ဟူ၍လည်း မူကွဲရှိ၏။) ၄ – အရိုး၏‌ကောင်းခြင်း။ (သွားကိုဆို၏။) ၅ – အရွယ်၏‌ကောင်းခြင်း=အသက်ကြီး‌ပေမဲ့ အရွယ်မကျခြင်း။ ဆံ သား ‌ရေ ရိုး ရွယ်ဟုလည်း အလွယ်မှတ်နိုင်သည်။ (ဓမ္မပဒနှင့် မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ)

  • မိန်းမများ၏ အာ‌ဝေနိကဒုက္ခငါးပါး

    ၁ – တစ်လတစ်ကြိမ်ဖြစ်‌ပေါ်‌သောဓမ္မတာကို သိမ်းဆည်းရခြင်း။ ၂ – လင်‌ခေါ်ရာ‌နောက်သို့လိုက်ရခြင်း။ ၃ – လင်၏‌ခြေရင်း အလုပ်အ‌ကျွေးပြုရခြင်း။ ၄ – ကိုယ်ဝန်‌ဆောင်ရခြင်း။ ၅ – သားဖွားရခြင်း။ (အာ‌ဝေနိကဒုက္ခသုတ် သဠာယတနဝဂ္ဂ သံယုတ်)

  • မာရ်ငါးပါး

    ၁ -‌ ဒေဝပုတ္တမာရ်=မာရ်နတ်ကို ‌အောင်နိုင်ခြင်း။ ၂ – မစ္စုမာရ်=‌သေခြင်းတရားကို ‌အောင်နိုင်ခြင်း။ ၃ – ခန္ဓမာရ်=ခန္ဓာငါးပါးကို‌ အောင်နိုင်ခြင်း။ ၄ – ကိ‌လေသာမာရ်=ကိ‌လေသာကို‌ အောင်နိုင်ခြင်း။ ၅ – အဘိသင်္ခါရမာရ်=ပြုပြင်မှုအဝဝကို‌ အောင်နိုင်ခြင်း။

  • မယားကျင့်ဝတ်ငါးပါး

    အိမ်တွင်းမှုလုပ် သိမ်းထုပ်‌သေချာ မိစ္ဆာကြဉ်‌ရှောင် ‌လျော်‌အောင်ဖြန့်ချီ ပျင်းရိမမူ ဝတ်ငါးဆူ အိမ်သူကျင့်အပ်စွာ။ (သိင်္ဂါလသုတ်)

  • မသိခြင်းငါးမျိုး

    ၁ – မိမိမည်သည့်ဘဝမှကူးလာသည်ဟူ၍ မသိခြင်း။ ၂ – မည်သည့်အရွယ်ရှိ‌အောင် ‌နေရမည်ဟူ၍ မသိ။ ၃ – မည်သည့်အနာဖြင့်‌သေရမည်ဟူ၍ မသိ။ ၄ – မည်သည့်အရပ်၌‌သေရမည်ဟူ၍ မသိခြင်း။ (ဓမ္မပဒ)

  • မလှူအပ်‌သောအရာ ငါးမျိုး

    ၁ – မဇ္ဇဒါန=မူးယစ်‌စေတတ်‌သောအလှူ။ ၂ – သမဇ္ဇဒါန=ဇာတ် ရုပ်‌သေး အငြိမ့်အလှူ။ ၃ – ဣတ္ထိဒါန=မိန်းမအလှူ။ ၄ – ဥသဘဒါန=နွားမများအလယ်၌ နွားထီးလွှတ်ခြင်းအလှူ။ ၅ – စိတ္တကမ္မဒါန=စိတ်တက်ကြွ‌စေတတ်‌သောစာနှင့်ဓာတ်ပုံအလှူ။

  • မစ္ဆရိယတရားငါးပါး

    ၁ – အာဝါသ မစ္ဆရိယ = အရိပ်အာဝါသနှင့်အ‌ဆောက်အဦ၌ ဝန်တိုခြင်း။ ၂ – ကုလ မစ္ဆရိယ = အမျိုးဂုဏ်မာန်တက်၍ ဝန်တိုခြင်း။ ၃ – လာဘ မစ္ဆရိယ = လာဘ်လာဘ၌ မမျှတလို၍ ဝန်တိုခြင်း။ ၄ – ဝဏ္ဏ မစ္ဆရိယ = အဆင်းမာန်တက်၍ ဝန်တိုခြင်း။ ၅ – ဓမ္မ မစ္ဆရိယ = မိမိသိ‌သောတရားကို သူတစ်ပါးကိုမသိ‌စေလို၍ဝန်တိုခြင်း။

  • ဘောဇဉ် ငါးပါး

    ၁ – ထမင်း။ ၂ – မု‌ယောဖြင့်လုပ်‌သောမုန့်။ ၃ – မုန့်လုံး။ ၄ – ငါး။ ၅ – အမဲ။

  • ဘဒ္ဒကမ္ဘာနှင့် ဘုရားငါးဆူ

    သုညကမ္ဘာနှင့် အသုညကမ္ဘာ ဟူ၍ နှစ်မျိုးးရှိသည်။ ဘုရားမပွင့်သောကမ္ဘာများကို သုညကမ္ဘာဟုခေါ်သည်။ ဘုရားပွင့်သော ကမ္ဘာများကို အသုညကမ္ဘာများဟုခေါ်သည်။ ဘဒ္ဒကမ္ဘာမှ ဘုရား ငါးဆူ ကကုသန် ‌ကောဏာဂုံ ကဿပ ‌ဂေါတမ အရိ‌မေ‌တ္တေယျ။

  • ဗျသနတရားငါးပါး

    ၁ – ဉာတိဗျသန=‌ဆွေမျိုးဉာတိတို့ ‌သေ‌ကျေပျက်စီးခြင်း။ ၂ – ‌ဘောဂဗျသန=စည်းစိမ်ဥစ္စာ ‌လျှောကျပျက်စီးခြင်း။ ၃ – ‌ရောဂဗျသန=အနာ‌ရောဂါနှိပ်စက်ပျက်စီးခြင်း။ ၄ – သီလဗျသန=အကျင့်သီလပျက်စီးခြင်း။ ၅ – ဒိဋ္ဌိဗျသန=အယူဝါဒ လွဲမှားပျက်စီးခြင်း။ (ပဉ္စကအင်္ဂုတ္တိုရ် နိဒါနဝဂ္ဂသံယုတ်)