အလောင်းတော်ကဿပ

အလောင်းတော် ကဿပ

အလောင်းတော်ကဿပ

ဂါမရွာမှ ပိပ္ပလိလုလင်ပျို အသက်နှစ်ဆယ် ပြည့်အရွယ်တွင် မယ်ဘဒ္ဒါရဲ့မိဘများနှင့် နှစ်ဘက်မိဘတိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိသည် မယ်ဘဒ္ဒါအား ‘မိဘများကွယ်လွန်သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည်ဟု စိတ်ပိုင်းဖြတ်ထား ပါသည် ။ ဤဘဝတွင် အရှည်မနေရ၍ သင်ချစ်နှမမှာ လင်ပြစ်မလေး ဖြစ်မည့်အရေးကို တွေးသနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည်ပါလော့’ ဟု ချော့၍ လွှတ်လိုက် ရသည် ။ မယ်ဘဒ္ဒါလည်း အိမ်သူရှင်မ မဖြစ်ရအောင် ခယ တောင်းပန် အကြောင်းပြန်စာ ပေးပို့ပါလည်း ရေစက်ပါ၍ မပြတ်နိုင်ဘဲ မင်္ဂလာ ပွဲဖြစ်မြောက် ခဲ့သည် ။ တဏှာကာမလွန်စွာ စက်ဆုပ် ညှီနံပုတ်ဟု အဟုတ်ရွံရှာမုန်းတာကြောင့် နှစ်ယောက်အတူ အိပ်စက်သောအခါ ပန်းကုံး ခြား၍ သွေဖီတစ်မျိုး စိတ်ဖောက်ပြား ပါက ပန်းကုံးညှိုး ပါစေဟု ဒိဌာန်ပြုပြီး နေခဲ့ကြသည်။

နှစ်ဘက်မိဘများ ကွယ်လွန်သွား သောအခါ သံဝေဂပိုရပြီး ရှေ့တိုးနောက်ဆုတ် မပြုလုပ်ဘဲ အရာရာစွန့်၍ ခြေဦးတည့်ရာ သွားတော့မည်။ စိတ်အေးချမ်းသာ နေရစ် ပါတော့ဟု မယ်ဘဒ္ဒါအား ပြောကြားသည် ။ မယ်ဘဒ္ဒါလည်း ‘မောင့်နှမလည်း အရှင့်နည်းတူ သံဝေဂရပြီး မောင်တော်ထွက်သွား ရာကို နှမတော်မယ်ဘဒ္ဒါလည်း နောက်ကမကွာ လိုက်ခဲ့ပါမည်’ဟု ပြောကြားသည်။ ကျေးကျွန်များကလည်း အားထားရာ ကင်းမဲ့ပါပြီ ဆိုကာ မသွားဖို့ရန် ငိုကျွေးတောင်းပန်ကြသည်။ ပိပ္ပလိသည် ‘အသင်တို့ ငါတို့ထံတွင် ဆပ်ရန် အကျွေး အသေးအဖွဲ တပဲတရွေးမျှ ပြန်မပေးနဲ့တော့၊ ကျွန်ဘဝမှ အကုန်လွတ်ကြတော့’ဟု တရားသဘော အနည်းငယ်ဟောကြား ခဲ့သည်။ သင်နှမ မယ်ဘဒ္ဒါ သင်သည် ဇမ္ဗူတခွင်ဝယ် လူတွင်မက နတ်တမျှ လှပနေ၍ လူအများအမြင်ဝယ် မသင့်တော်၊ ရဟန်း ဘဝရောက်တာတောင် မခွဲချင်ဘူးဟု ပြောကြလိမ့်မည် ။ ငါ၏နောက်က ကောက်ကောက်မကွာ မလိုက်ပါနဲ့ကြိုက်ရာလမ်း မြန်းပါ တော့ဟု ပြောလေသည်။

မယ်ဘဒ္ဒါကလည်း ယောက်ျားလက်ျာ မိန်းမမှာ လျှင် သွားလက်ဝဲ ပြုစမြဲမို့ အရှင်သာလျှင် လက်ျာလမ်းမှ ကြွမြန်းပါတော့ နှမတော်လည်း လက်ဝဲလမ်းမှ သွားပါတော့ မည်ဟု လျှောက်ထားလေ သည်။ ခွဲခွာရတော့မှာမို့ လက်ျာရစ် သုံးကြိမ် ပတ်ခါ နောက်ဆုံးက န်တော့လေ သည်။ ပိပ္ပလိလုလင်နှင့် မယ်ဘဒ္ဒါတို့ လမ်းခွဲပြီး မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်သွားလေ သည် ။ သုံးလူထွဋ်ထား မြတ်ဘုရားသည် ဝေဠုဝန်ကျောင်းတော်မှ ဒိဗ္ဗစက္ခု ရွှေဉာဏ်တော်ဖြင့် ရှုကြည့်ရာ ပိပ္ပလိလုလင်သည် ငါထံ ရည်မှန်းလာကြောင်းသိ၍ ဘုရားရှင် ကိုယ်တော်တိုင် ကြွ၍ အဖူးမျှော်ကန်တော့ခံပြီး ဘုရားရှင်၏ ဒုကုဋသင်္ကန်းကို ပေးသနားပြီး ကျောင်းတော်သို့ ရောက်လတ်သော် ဘုရားရှင် ဧဟိဘိက္ခူခေါ်တော်မူ၍ ရဟန္တာအဖြစ်ကို (၇)ရက်မြောက် သောနေ့၌ရ၍ ဓူတင် ထေရ်ကို ဆောင်တော်မူလေသသည် ။

ပဒုမုတ္တရဘုရားသခင်၏ နိယတ ဗျာဒိတ်တော်ကို ရပြီးနောက် ဘုရားသာသနာအကုန်တွင် ဗာရာဏသီပြည်မှာ မင်းညီ သုံးပါးဖြစ်၍ လူတို့ဘောင်တွင် မပျော်မွေ့ဘဲ ရသေ့ပြုခါ ဈာန်တရားကို ဟိမဝန္တာတော၌ ဒေသစာရီ လှည့်လည် ကျင့်တော် မူသည် ။ ဂေါတမအလောင်း ဂေါတမအလောင်း အရိမေတ္တယျအလောင်း နောင်တော်နှစ်ပါးနှင့် သလ္လာဝတီ ချင်းတွင်းမြစ်အနောက်ဘက် ဝေဘူလ၊ ဝေဘာရဝ သုနန္ဒရ တောင်သုံးလုံး၌ သစ္စာအဓိဌာန် ထားခဲ့သည် ။

နောင်တော်ကြီးဘုရားဖြစ်၍ အကျွန်ုပ်ကလည်း ရဟန္တာအဖြစ်ကို ရပြီးလျှင် နောင်တော်ကြီး ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ်ကသဂြိုဟ်မှသာလျှင် တေဇောဓာတ်လောင် ကျွမ်းပါစေ။ အကျွန်ုပ် ပရိနိဗ္ဗာန်ပြုခဲ့သော် နောင်တော်ငယ် သဂြိုဟ်မှသာလျှင် တေဇော ဓာတ်လောင်ကျွမ်းပါစေဟု အဓိဌာန်ထားခဲ့ ကြသည်။ နောင်တော်ကြီးဂေါတမနှင့် ထားခဲ့သော ကတိပြည့်စုံပြီ။ နောင်တော်ငယ် မေတ္တယျနှင့် ထားခဲ့သော ကတိသည် မပြည့်စုံသေးပေ။ ဤကဲ့သို့ သစ္စာအဓိဌာန် ပြုတော်မူခဲ့ ဖူးသောကြောင့် ငါ၏ ခန္ဓာကိုယ်သည် ယခုလက်ငင်း တေဇောဓာတ် မလောင်ကျွမ်းနိုင်သေး မေတ္တယျဘုရား ရွှေလက်ဝါး တော်၌ တင်မှသာလျှင် တန်ခိုးတော်ကြောင့် တေဇောဓာတ်လောင်ကျွမ်း လိမ့်မည်။ ငါ၏အလောင်းကို ရှိခိုးပူဇော် လှူဒါန်းရန် လာကြသော လူနတ်ဗြဟ္မာ အပေါင်းတို့ နိဗ္ဗာန်မဂ်ဖိုလ် ရစေခြင်းအကျိုးငှာ ဇမ္ဗူဒီပ တမ္မဒီပတိုင်း မြန်မာပြည် အလယ်ပိုင်း သလ္လာဝတီ ချင်းတွင်းမြစ် အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး အောက်တွင် ပရိနိဗ္ဗာန်စံယူမှသာလျှင် နောင်တော်ငယ်နှင့် ထားခဲ့သော ကတိသစ္စာ ညီတော့ မည်ဟု ဝစီဝါစာ သစ္စာအဓိဌာန် ပြုတော်မူ၏။

အရှင်မဟာကဿပ မထေရ်ကြီး၏ သစ္စာအဓိဌာန်ပြုတော်မူသည်ကို သိကြားမင်းသိတော်မူ၍ လူ့ပြည်သို့ ကိုယ်တိုင် ဆင်းတော်မူခဲ့ပြီးမှ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးကိုညွှတ်၍ ကျောက်လှိုဏ်ဂူကို ဖန်ဆင်း၏။ တောင်သုံးလုံးအတွင်း၌ ပတ္တမြားလှိုဏ်ဂူသည် အလျားအတောင်(၅၀) အနံအတောင်(၅၀)စတုရန်း ညီမျှစွာ ရှိ၏။ တံခါး(၄)တန်ကိုလည်း တံခါးတစ်ခုနှင့် တစ်ခုကို အတောင်(၅၀)စီကွာခြား၏။ ၎င်းလှိုဏ်ဂူအတွင်း၌ မြ၊ ဖလ်၊ ရွှေ၊ ငွေစသည်တို့ဖြင့် မွမ်းမံခြယ် လယ်အပ်သော မဟာဂန္ဓ ကုဋိတိုက်တော်ကိုလည်း ဖန်ဆင်းထား၏။ ၎င်းတိုက်၏ အလယ်၌ အလျား(၁၆)တောင်၊ အနံ(၈)တောင်၊ အစောက်(၄)တောင် ရှိ သော မြသလွန်တော်ကို ဖန်ဆင်းထားတော်မူ၏။

မဟာဂန္ဓကုဋိတိုက်

မဟာဂန္ဓကုဋိတိုက် လေးမျက်နှာ၌ တစ်ဖက်ကို ကျောက်တံခါး ငွေတံခါး ရွှေတံခါး (၃)တန်စီထား ရှိ၏။ တံခါးပေါက် အမြင့်မှာ (၁၆)တောင်၊ အနံ(၈)တောင်စီရှိ၏။ အရှေ့တံခါး(၃)တန်မှာ ဂန္ဓဗ္ဗနတ်မင်း သုံးထောင် စောင့်၏။ တောင်တံခါး(၃)တန်မှာ ဂုမ္ဘာန်နတ်မင်း သုံးထောင်စောင့်၏။ အနောက်တံခါး (၃)တန်မှာ ဂဠုန်မင်း သုံးထောင်စောင့်၏။ မြောက်တံခါး(၃)တန်မှာ ရက္ခဘီလူးမင်း သုံးထောင်စောင့်၏။ အောက်မျက်နှာ၌ ဘုမ္မစိုးနတ်မင်း၊ မဟာပိန္နဲအသူရာနတ်မင်း သုံးထောင်စောင့်၏။ မဟာဂန္ဓ ကုဋိတိုက် အတွင်း၌ သမာဒေဝ နတ်မင်း လေးထောင်စောင့်၏။

အရှင်မဟာကဿပမထေရ်သည် မလ္လာမင်းတို့၏ အင်ကြင်းပန်းဥယျာဉ်၌ မြတ်စွာဘုရားပရိနိဗ္ဗာန် စံယူပြီးနောက် သင်္ဂါယနာတင်၍ အဇာတသတ်မင်းနှင့် ဓာတ်တော်များကို ရှစ်ပြည်ထောင်သော မင်းများ၏ ဌာပနာစေတီတော်၌ ပင့်ဆောင်ယူ၍ စုရုံးပြီး အဇာတသတ် မင်းလက်သို့အပ်၍ ဓာတ်တော်များ ဌာပနာပြုပြီးသော သတ္တဝါလူအများတို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေးတော်မူသည် ။

အရှင်မဟာ ကဿပမထေရ်ကြီးသည် သက်တော်(၁၂၀)၊ ဝါတော်သိက္ခာ(၅၀)ပြည့်တော်မူသောနေ့၌ ပရိနိဗ္ဗာန်ပြုအံ့သောနေရာ မြန်မာပြည် အလယ်ပိုင်း ချင်းတွင်းမြစ်အနောက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ရှိရာသို့ ရာဇဂြိုဟ်ပြည်မှ ထွက်လာခဲ့ရာ ကသဲပြည်ကို ကျော်ဖြတ်ပြီး အထက် ချင်းတွင်းမြစ်ကို ရောက်ရှိသည်။ အရှင်မဟာကဿပ မထေရ်ကြီး ကြွလာသည်ကို ယာထွန်နေသော တောင်သူကြီးဦးကောင်းစင်မြင်တွေ့ပြီး ပင့်၍ ဆွမ်းကပ်လှူ ခဲ့ပါ သည်။ ဤနယ်မြေ တစ်လျှောက်တွင် တောင်သူကြီးဦးကောင်းစင်နတ်ရုပ်ကို ကိုးကွယ်ကြပါသည်။

ပထိုးလုံးချောင်းတွင် ခေတ္တနားပြီး ရေချိုး၍ သင်္ကန်း များကို လျှော်လှန်းသောနေရာတွင် သင်္ကန်းချုပ်ရိုးရာ အနားပါတ်နေရာ အစုံအလင်ထင်ရှားစွာပင် အကြောင်းထင် လျှက်ရှိ ပါသည် ။ ချောင်းအတိုင်း ဆန်တက်ပြီး ဝေဘူလ၊ ဝေဘာရတောင်သို့ ရောက်ပြီးလျှင် တောင်ပေါ်သို့တက်၍ မတ်တပ်ရပ်တော်မူပြီးလျှင် လူနတ် အပေါင်းတို့၏ အကျိုးငှာ အဓိဌာန်ပြုတော် မူသည်မှာ ‘သာသနာတော်၌ သက်ဝင်ယုံကြည်သော အမျိုးကောင်း သားသည် ငါးပါးသီလကို စောင့်ထိန်းခြင်း၊ မိဘဆရာသမားတို့အား ရှိခိုးပူဇော်ခြင်း၊ ရတနာသုံးပါး သာသနာတော်စောင့်နတ်တို့ကို ပူဇော်ပသ ခြင်းပြုကာ ယုံကြည်စွာ သုံးစွဲပါက (၉၆)ပါးသောရောဂါတို့ ပျောက်ပါစေသတည်း။’ ဤကဲ့သို့ သတ္တဝါအပေါင်းတို့အား သနားတော် မူသောကြောင့် မေတ္တာတော်ရေတွင်းကိုလည်း အဓိဌာန်ပြု၍ ထားတော်မူခဲ့လေ၏။ ထိုရေတွင်းမှတဖန် တောင်ဘက်သို့ လျှောက်သွားပြီးလျှင် ဣစ္ဆာသယတောင်ခြေရင်း၌ ဆွမ်းဘုန်းပေးပြီး သပိတ်များကို ဆေးကြောသောချောင်းကို သပိတ်ဆေးချောင်း ဟုခေါ်သည်။

အရှင်မဟာကဿပမထေရ်ကြီးသည် နတ်မင်းအပေါင်းတို့ ဖန်ဆင်းထားတော်မူသော မြသလွန်ညောင်စောင်းထက်တွင် မဟာဗောဓိပင်နှင့် ရတနာခုနှစ်ပါး ရွှေပလ္လင်မြတ်၌ ဘုရားဓာတ်တော်မြတ်ကို ရှိခိုးပူဇော်ပြီးမှ သစ္စာအဓိဌာန်ပြုတော်မူလေသည်။ ဤဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ၊ ဣစ္ဆာသယငွေတောင်၌ သူတော်ကောင်းအပေါင်းတို့သည် မိမိ၏အသက်ကို မငဲ့ညှာ (၃)နှစ်(၃)ဝါတိတိ သူများအသက်က မစားမသောက်ဘဲ ပါနုပေတံရှောင်ကြဉ်၍ သမထဝိ ပဿနာကမ္မဌာန်း၊ အသုဘ ကမ္မဌာန်းကို စီးဖြန်းအား ထုတ်ကျင့်ကြံ၍ အောင်မြင်လျှင် မြတ်စွာဘုရား၏ သရီယ ဓာတ်တော်နှင့် ငါ၏ အလောင်းတော် စစ်ကြီးကို ကိုယ်တိုင်ဝင်၍ ရှိခိုးပူဇော် လှူဒါန်းဆုတောင်း နိုင်ကြပါစေ သတည်း။

သာသနာ(၂၃၅)နှစ်သို့ ရောက်လျှင် သောဏဥတ္တရ ရဟန္တာအရှင်မြတ်သည် သထုံမြို့ကစ၍ မြန်မာပြည် တစ်ဝှမ်းလုံး၌ သာသနာတော်ပြန့်ပါစေသတည်း။ ကောဇာသက္ကရာဇ် (၁၂၃၃)နှစ် သာသနာတော်(၂၄၁၅)ခုနှစ်သို့ ရောက်လျှင် ရတနာပုံရွှေမြို့တော် မဟာလောက မာရဇိန်စေတီတော်ဒါယကာ ဘဝရှင်မင်းတရားကြီး လက်ထက်တွင် သံဃာတော်ပေါင်း (၂၄၀၀)ကို ရွေးချယ်စိစစ် နှုတ်တိုက်အာဂုံ ဆောင်လျှက် တပေါင်းတည်း ရွတ်ဖတ်သရဇ္ဈယ်ကြပြီးလျှင် ကျောက်ထက်အက္ခရာ ပ ဉ္စမသင်္ဂါယနာ တင်တော်မူနိုင် ပါစေ သတည်း။

ဘုရားသာသနာ(၂၅၀၀) ကောဇာသက္ကရာဇ် (၁၃၁၈)ခုနှစ်သို့ ရောက်လျှင် သာသနာပြု မင်းကောင်းနှင့် သိကြားနတ်မင်း တို့ လူ့ပြည် ဆင်းပြီးလျှင် သာသနာဆူးညှောင့်ခ လုတ်စသည် တို့ကို သုတ်သင်ရှင်းလင်းပြီးလျှင် (၂၅၀၀)သော သံဃာတော် အပေါင်းတို့နှင့် ကျောက်ထက် အက္ခရာ ဆဌမသင်္ဂါယနာ တင်တော်မူနိုင်ကြပါစေကုန်သတည်း ။

ငါပရိနိဗ္ဗာန်စံယူပြီးနောက် အဇာတသတ်မင်းကြီးနှင့် ငါးရာသောရဟန္တာတို့သည် ငါ၏ အလောင်းတော်စစ်ကို ဖူးပြီးမှ ငါ၏ အလောင်းကိုယ်စား ဒုတိယစန္ဒကူးသရက်ခန်းကို ကိုယ်စားတော်တဆူ၊ ဉာဏ်တော်(၁၂)တောင်၊ မြတ်စွာဘုရား၏ ရုပ်ပွားတော် မတ်ရပ်တော် ဉာဏ်တော်(၁၈)တောင်အမြင့်ကို သွန်းထုပြီးမှ ဝေဘူလ၊ ဝေဘာရ၊ ပတ္တမြားတောင်ခြေရင်း၌ လူနတ်အပေါင်းအား ငါ၏ကိုယ်စားတော်စစ်ကို ဥဒိဿရည်စူး၍ ရှိခိုးပူဇော်ကြရန် သွန်းထုကိုးကွယ်ရစ်ကြပါ စေကုန် သတည်း။

ငါ၏အလောင်းတော်နှင့် မြတ်စွာ ဘုရား၏ ဓာတ်တော်၊ ရုပ်ပွားတော်တို့ကို ယုံယုံကြည်ကြည်နှင့် အလေးအမြတ်ပြု၍ ရှိခိုး ပူဇော် လှူဒါန်းဆုတောင်း သစ္စာဓိဌာန်ပြု၍ အကုသိုလ်တရားတို့ကိုပယ်၍ သူတော်ကောင်းတို့၏ တရားကို ကျင့်ကြံအားထုတ်ခြင်း ပါရမီဆယ်ပါး အပြားသုံးဆယ် သတ္တဝါ အပေါင်းတို့၏ အသက်ကို မသတ်ပုတ်မညှင်းမဆဲ မစားမသောက်ဘဲ မေတ္တာပို့လျှက် ရှိခိုး ပူဇော် လှူဒါန်းဆုတောင်း လာသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့သည် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ တစ်ဆယ့်ခြောက်ပါးသော ဥမ္ပဌဝေါ၊ နှစ်ဆယ့်ငါးပါးသော ဘေး၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊ ကိုးဆယ့်ခြောက်ဖြာသော အနာရောဂါတို့မှ ကင်းကွာပြီးလျှင် ပိန်းကြာဖက်ပေါ်တွင် ရေမတင် သကဲ့သို့ ကင်းစင်လွင့်ပျောက်ကြကုန်လျှက် မေတ္တယျဘုရား သခင် ပွင့်တော်မူသောအခါ ငါ၏ခန္ဓာရုပ်ကလပ်ကြီးကို တေဇောဓာတ်လောင်ကျွမ်းသော ပွဲတော်ကြီး၌ ကိုယ်တိုင် ဖူးတွေ့ကြ ရသည် ဖြစ်ပါ၍ မိမိတို့ဆုပန်ကြကုန်သော ဆုမြတ်အပေါင်းတို့နှင့် ပြည့်စုံကြသည်ဖြစ်၍ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်ကြ ကုန်လျှက် နိဗ္ဗာန်ရွှေပြည်မြတ်ကို ရောက်ကြပါစေကုန်သတည်း။

ငါ၏ရွှေမျက်နှာတော်ပေါ်၌ ပန်းဆွဲကဲ့သို့ ဆွဲထားသော မြတ်စွာဘုရား၏ (၃)မျိုး(၃)စားသော သရီယဓာတ်တော်တို့ကို သာသနာတော် တဝက်ကြသော အခါ သိကြား၊ နတ်မင်းတို့နှင့် ဗုဒ္ဓအလောင်း ရဟန်းတော်မြတ်တို့သည် ဓာတ်တော်မြတ် ဤဓာတ်တော်မြတ်ကို သစ္စာ အဓိဌာန်ပြု၍ ပင့်ယူတော်မူပြီးမှ သုနန္ဒရ ငွေတောင်ပေါ်၌ ဣစ္ဆာသယ ဝိဏ္ဍာဆုတောင်းပြည့်မြတ်စွာဘုရား စေတီတော်ကြီးကို တည်ထားကိုးကွယ် တော်မူနိုင်ကြပါစေကုန်သတည်း။

ဤကဲ့သို့ ဝစီဝါစာ သစ္စာအဓိဌာန်ပြုတော်မူပြီးလျှင် မဟာဗောဓိပင်နှင့် ရတနာ(၇)ပါးဖြင့်ပြီးသော ရွှေပလ္လင်ကို ဦးခေါင်း ပြုတော်မူပြီး ဈာန်ဝင် စားတော်မူပြီးလျှင် သိကြားနတ်မင်းတို့ ဖန်ဆင်းထားအပ်သော မြသလွန်ရွှေညောင်စောင်းပေါ်၌ ပရိနိဗ္ဗာန် စံယူတော်မူလေသည်။

အံ့သြဖွယ်အချက်များ

၁။ အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံမြန်းသော လှိုဏ်ဂူကြီးသည် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံးလုံးကို ညွှတ်ပေါင်းကူးပြီး ဆက်သွယ်၍နေခြင်း။

၂။ ၎င်းလှိုဏ်ဂူတွင် ကျောက်ခက် ကျောက်ပန်းတို့သည် ပန်းချီ၊ ပန်းပုဆရာတို့ ရေးထု၍ ဆွဲထားဘိသကဲ့သို့ သဘာဝ အတိုင်း ဖြစ်ပေါ်၍နေခြင်း။

၃။ ဝေဘူလတောင်ထိပ်တွင် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကို (၉၆)ပါးသော ဝေဒနာများ ပျောက်ကင်းစေရန် မေတ္တာတော်ဖြင့် သောက်ချိုး၍ မကုန်နိုင် အမြဲတစေထွက်၍ နေသော ရေတွင်း၊ ၎င်းရေတွင်းကို မိန်းမများရေချိုးခဲ့လျှင် မျက်မြင်ဒိဌ ရေခန်း၍သွားခြင်း

၄။ အရှင်မဟာကဿပစံမြန်းတော်မူသော လှိုဏ်ဂူတော်အတွင်း လူမဝင်နိုင်သော်လည်း အရှင်မဟာကဿပကို ရည်စူး၍ အထက်ဥမင်မှ ရွှေစစ်၊ ငွေစစ်တို့ကို အဓိဌာန်ပြု၍ ခွက်နှင့်ထည့်ပြီး လှူဒါန်းမျှောလိုက်သော် အောက်ဥမင်ဝကို ရောက်လျှင် ရွှေ၊ ငွေများ မပါသော ခွက်သာလျှင်မျောလာခြင်း။

၅။ အရှင်မဟာကဿပစံမြန်းတော်မူသော လှိုဏ်ဂူနေရာတည့်တည့်သို့ တောရိုင်းသတ္တဝါများ ကျော်ဖြတ်၍ မသွားခြင်း။

၆။ အရှင်မဟာကဿပကို စိတ်ကရည်စူး၍ ဘုရားဖူးသွား လာသော နတ်လူအပေါင်းတို့သည် တောတောင်မြိုင် ချောက်တို့ကို အတန်တန်ကျော်ဖြတ် ၍ သွားသော်ငြားလည်း တောသား၊ ရန်သူ၊ ဓါးပြ၊ ခိုးသားဟူသော ဘေးအန္တရာယ်မျိုး နှင့် မတွေ့ရခြင်း။

၇။ အရှင်မဟာကဿပကို ဖူးတွေ့ရန် သွားသောအခါ မကောင်းသော အကျင့်အကြံရှိသောသူများကို နတ်များက ထင်ရှားစွာ ပြသခြင်း။ ၈။ အရှင်မဟာ ကဿပကြီး၏ သင်္ကန်းလှန်းသောနေရာ၌ ယခုတိုင် သင်္ကန်းချုပ်ရိုး အနားပါတ်မကျန် ကောင်းမွန်စွာ ထင်လျက်ရှိခြင်း။

၈။ အရှင်မဟာကဿပမထေရ် စံမြန်းတော်မူသော ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်တို့၌ သူတော်ကောင်းတို့ လာ၍ တရားကိုအားထုတ်ခဲ့ပါလျှင် နတ်များက သီလ၊ သမာဓိကို စမ်းပြီးလျှင် အကျင့်သိက္ခာနှင့် ပြည့်စုံလျှင် အလောင်းတော် စစ်ကို ဝင်၍ ဖူးနိုင်ရန် ကူညီစောင့်ရှောက်ခြင်း။