ဘုန်းတော်ကြီးဦးသီလ

အခန်း (၁) ပုဂ္ဂိုလ်ထူးကြီး ဖွားသန့်စင်ခြင်း

မြန်မာနိုင်ငံ၏ ပဋိပတ္တိသာသာနာတော်တွင် ဘုန်းတော်ကြီး ဦးသီလသည် အလွန်ထူးခြားသော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။ မိမိတစ်ဦးတည်းသာမဟုတ် သူတော်အကျင့်ရှိသော ရဟန်းတော်များကိုလည်းတောရဆောက်တည်ဖို့တိုက်တွန်းပြီး အောက်မြန်မာပြည်၌ တောရဂိုဏ်းကြီးကိုတည်ထောင်ပေးနိုင်ခဲ့ပြီး မိမိကိုယ်တိုင်လည်း စံပြအဖြစ် တောရဆောက်တည် ကျင့်သုံးတော်မူခဲ့ရာ ဗုဒ္ဓခေတ် အရှင်မြတ်ကြီးတို့ အတိုင်း များစွာ ဩအံ့၊ အတူယူကြည်ညိုစရာပင် ဖြစ်တော့သည်။